တစ်နေ့မှာ ပြောင်းရွှေ့ကစားချင်ကြောင်း ပြောကြားခဲ့တာပါ။

ဒေါ့မွန်အသင်းရဲ့ဗဟိုခံစစ်ကြယ်ပွင့်ကစားသမား မန်နျူရယ်အကန်ဂျိက မန်ချက်စတာယူနိုက်တက်အသင်းကို တစ်နေ့မှာ ပြောင်းရွှေ့ကစားဖို့ဆိုတာဟာ အိပ်မက်တစ်ခုဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ အကန်ဂျိဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ဒေါ့မွန်အသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ယခုရာသီ ဒေါ့မွန်အသင်းရဲ့ပွဲစဉ်တိုင်းမှာ ပွဲထွက်ကစားပေးထားတဲ့ကစားသမားဖြစ်ပါတယ်။

gettyimages-1049962554.jpg



အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အကန်ဂျိဟာ အချိန်တိုအတွင်းမှာ အသင်းရဲ့အဓိကကစားသမားအဖြစ် နေရာတစ်နေရာ အခိုင်အမာရရှိအောင် စွမ်းဆောင်ပြနိုင်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့အပတ်က နုရင်ဘတ်အသင်းနဲ့ပွဲစဉ်မှာ မာကိုရူးစ်ဆီက အသင်းခေါင်းဆောင် လက်ပတ်ကို လွှဲပြောင်းယူနိုင်ခဲ့တဲ့အထိဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖလားကို မကိုင်မြှောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမား ၅ ဦး 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ အသင်းရဲ့ခံစစ်ပိုင်းကို ပိုမိုတောင့်တင်းအောင် ကြိုးပမ်းနေသူဖြစ်ပြီး အက်ဒ်ဝုဒ်ဝဒ်က မော်ရင်ဟိုရဲ့ထိပ်တန်းပစ်မှတ်တွေဖြစ်တဲ့ အယ်ဒါဝီလ်နဲ့ ဘိုတန်တို့ကို အောင်မြင်စွာခေါ်ယူပေးနိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

 

အကန်ဂျိက မန်ချက်စတာယူနိုက်တက်အသင်းအတွက် ကစားပေးဖို့ အိပ်မက်မက်ခဲ့ရကြောင်းကို ဝန်ခံပြောကြားခဲ့ပြီးနောက် မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

"ကျွန်တော့်မှာ ကြီးမားတဲ့အိပ်မက်တစ်ခုရှိပါတယ်"

"ဘောလုံးလောကမှာ သွားနိုင်သလောက် သွားရမှာပါ။ ကျွန်တော့် ကလေးဘဝနေ့ရက်တွေကတည်းက မန်ချက်စတာယူနိုက်တက်အသင်းကို အနှစ်သက်ဆုံးပါ။ အဲဒီအသင်းမှာ တစ်နေ့ကျရင် ကစားချင်ပါတယ်"

"ဒါပေမယ့် အခုကတော့ အဲဒီကိစ္စက ဖြစ်မလာနိုင်သေးပါဘူး။ ကျွန်တော် ဒေါ့မွန်မှာ ပျော်ရွှင်နေပြီး ကွင်းပြင်ပမှာပါ အကောင်းဆုံးပုဂ္ဂိုလ်ဖြစ်လာဖို့ ကြိုးစားနေပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က