အင်္ဂလန်အသင်းက ပထမပိုင်းမှာ ၃ ဂိုးသွင်းယူပြီး ဦးဆောင်ခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ယမန်နေ့ညက ဆီဗယ်လ်မှာ စပိန်အသင်းကို ကစားကွက်၊ ခြေစွမ်းပိုင်းအသာစီးရယူပြီး အနိုင်ရရှိသွားခဲ့ပါတယ်။ ယင်းပွဲစဉ်ကို ကမ္ဘာတဝှမ်းက ပရိသတ်တွေကြည့်ရှုခဲ့ကြပေမယ့် ပရိသတ်အများစု ရုတ်တရက်သတိမထားမိနိုင်တဲ့အချက် ၇ ချက်ရှိနေပါတယ်။



ဘာနေဗျူးကို ဟယ်ရီကိန်း လာရောက်ဖို့ ရာမို့စ် သွေးဆောင်ခဲ့တာလား 

(၁) ပစ်ဖို့ဒ်ကို ချီးကျူးပြီး အယ်လီဆင်ကို သရော်ခဲ့ကြတဲ့ လီဗာပူးပရိသတ်များ

5072306-6278735-image-a-5_1539634979976.jpg

Photos: Daily Mail

အင်္ဂလန်အသင်းရဲ့ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်ဟာ ဒုတိယပိုင်းမှာ ကြီးမားတဲ့အမှားတစ်ခုကျူးလွန်မိခဲ့ပြီး ၎င်းရဲ့ပင်နယ်တီဧရိယာအတွင်းမှာ စပိန်အသင်းတိုက်စစ်မှူး ရိုဒရီဂိုကို လိမ်ခေါက်ပြီး ဖြတ်ကျော်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ ရိုဒရီဂိုဟာ ပစ်ဖို့ဒ်ရဲ့အမှားကို အခွင့်ကောင်းယူနိုင်ခဲ့ပြီး ဂိုးသွင်းယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ပစ်ဖို့ဒ်က ကြိုးစားပမ်းစားနောက်ကနေ လိုက်လံဖျက်ထုတ်ခဲ့တာကြောင့် ရိုဒရီဂို ဂိုးသွင်းနိုင်မယ့်အခွင့်အရေးကို ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။

[No available link text]

လီဗာပူးအသင်းရဲ့ပရိသတ်တွေဟာ ယင်းဖြစ်ရပ်ကို လီဗာပူးအသင်းဂိုးသမား အယ်လီဆင်ရဲ့အမှားနဲ့ နှိုင်းယှဉ်သုံးသပ်ခဲ့ပြီး အယ်လီဆင်ကို သရော်ခဲ့ကြပါတယ်။

 

(၂) သမိုင်းတစ်လျှောက် အိမ်ကွင်းမှာ ပထမဆုံး ၃ ဂိုးပေးခဲ့ရတဲ့ စပိန်အသင်း

Photos: Daily Mail

 

အင်္ဂလန်အသင်းဟာ အဓိကပြိုင်ပွဲတွေမှာ စပိန်အသင်းရဲ့အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ပြီး ၃ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးအသင်းဖြစ်လာခဲ့ပါတယ်။ ဆီဗယ်လ်မြို့ဟာ တနင်္ဂနွေနေ့က မိုးသည်းထန်စွာရွာသွန်းခဲ့ပေမယ့် နောက်ထပ် ၂၄ နာရီအကြာမှာတော့ ဂိုးမိုးရွာခံရမယ်လို့ ဘယ်သူမှ မထင်မှတ်ခဲ့ကြပါဘူး။

 

(၃) ရာမို့စ်ကို ကိုက် ၃၀ အကွာကနေ ပြေးလာပြီးဖျက်ထုတ်ခဲ့တဲ့ ဒိုင်ရာ

Photos: Daily Mail

 

ပထမပိုင်း ၁၂ မိနစ်မှာပဲ အင်္ဂလန်အသင်းရဲ့ကွင်းလယ်ကစားသမား အဲရစ်ဒိုင်ရာက ပထမဆုံးအဝါကတ်ပြသခံခဲ့ရပါတယ်။ အဲရစ်ဒိုုင်ရာဟာ စပိန်အသင်းရဲ့လူဆိုးလို့ နာမည်ကြီးတဲ့ ဆာဂျီယိုရာမို့စ်ကို ကိုက် ၃၀ အကွာကနေ တရှိန်ထိုးပြေးလာပြီး မလိုအပ်ဘဲ လျှောထိုးဖျက်ထုတ်ခဲ့တာဖြစ်ပါတယ်။ ကြည့်ရတာတော့ ရာမို့စ်ကို အဲရစ်ဒိုင်ရာက ၎င်းလိုမျိုး ခပ်ကြမ်းကြမ်းကစားတတ်တဲ့သူတစ်ယောက် ရှိနေသေးတယ်ဆိုတာ သိစေချင်တဲ့ပုံပါပဲ။

 

(၄) ကွင်းလယ်ဒိုင်ရဲ့ ထူးဆန်းတဲ့ဝတ်စားဆင်ယင်မှု

Photos: Daily Mail

 

ကွင်းလယ်ဒိုင် ဆိုင်းမွန်မာစီးနီးယပ်ဟာ ယမန်နေ့ညက ပွဲစဉ်မှာ ဆုံးဖြတ်ချက်အချို့ကို ချမှတ်ခဲ့သူဖြစ်ပြီး ၎င်းရဲ့ဝတ်စားဆင်ယင်မှုကတော့ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ ပိုလန်လူမျိုးကွင်းလယ်ဒိုင်ဟာ အကျႌအမည်း၊ ဘောင်းဘီအမည်းနဲ့ ခြေအိတ်အမည်းဖြစ်ရမယ့်အစား ပိုလန်အသင်းရဲ့အရောင်ဖြစ်တဲ့ အနီရောင်ခြေအိတ်တို့ကို တွဲဖက်ဝတ်ဆင်ခဲ့ပါတယ်။

 

(၅) ၁၉၅၉ ခုနှစ်နောက်ပိုင်း အငယ်ဆုံးပွဲထွက်လူစာရင်းနဲ့ယှဉ်ပြိုင်ခဲ့တဲ့ အင်္ဂလန်

Photos: Daily Mail

 

ဂါးရတ်ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းရဲ့ပွဲထွက်ကစားသမားစာရင်းကို ၁၉၅၉ ခုနှစ်နောက်ပိုင်း အငယ်ဆုံးအသင်းအဖြစ်နဲ့ ပွဲထွက်ကစားစေခဲ့ပါတယ်။ မားကပ်စ်ရက်ရှ်ဖို့ဒ်က ၂၀ နှစ်၊ ဂျိုးဂိုးမက်ဇ်က ၂၁ နှစ်၊ ဘန်ချေးဝဲလ်ကလည်း ၂၁ နှစ်နဲ့ အင်္ဂလန်အသင်းပွဲထွက်လူစာရင်းရဲ့ ပျမ်းမျှအသက်ဟာ ၂၃ နှစ်အထက်မှာ မရှိခဲ့တာဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကီယန်ထရစ်ပီယာဟာ အင်္ဂလန်အသင်းရဲ့ပွဲထွက်လူစာရင်းမှာ ၂၅ နှစ်အထက် တစ်ဦးတည်းသောကစားသမားဖြစ်ပါတယ်။

 

(၆) နိုင်ငံတကာပွဲစဉ် ၁၆၀ ပြည့်မြောက်ခဲ့တဲ့ ဆာဂျီယိုရာမို့စ်

Photos: Daily Mail

 

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စပိန်အသင်းခေါင်းဆောင် ရာမို့စ်ဟာ လက်ရွေးစင်အသင်းအတွက် ၁၆၀ ပွဲမြောက် ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်အသင်းခေါင်းဆောင် ရာမို့စ်ဟာ စပိန်အသင်းရဲ့ပွဲစဉ်တွေကို ၂ နှစ်နီးပါး တစ်ပွဲမှမလွတ်စေဘဲ ပါဝင်ကစားပေးနိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။ ဒ့ါအပြင် စပိန်အသင်းအတွက် ဒုတိယမြောက်ချေပဂိုးကို သွင်းယူပေးခဲ့တဲ့ရာမို့စ်ဟာ လက်ရွေးစင်အတွက် ၁၉ ဂိုးမြောက်သွင်းဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

 

(၇) မြန်မာနိုင်ငံနည်းတူ မီးပျက်သွားခဲ့တဲ့ ဘောလုံးကွင်း

Photos: Daily Mail

 

ယမန်နေ့ညက ဆီဗယ်လ်မြို့မှာတည်ရှိတဲ့ ဆီဗီလာအသင်းအိမ်ကွင်းဟာ လူအများ ပျားပန်းခတ်မျှလှုပ်ရှားသွားလာခဲ့ကြပြီး မီးရောင်တွေ ထိန်ထိန်လင်းခဲ့ပါတယ်။ ဒါပေမယ့် ပွဲအပြီးမှာတော့ ကွင်းတာဝန်ရှိသူတွေက မီးဖြတ်ချခဲ့ပြီး ယင်းအချိန်မှာ ရုပ်သံလိုင်းတွေဟာ ထုတ်လွှင့်မှုတွေ ပြုလုပ်နေဆဲဖြစ်ပါတယ်။ Sky Sport ဘောလုံးဝေဖန်ရေးသမားဖြစ်တဲ့ ဂျေမီရက်ကနက်ဟာ ပွဲအပြီးသုံးသပ်ချက်ရဲ့ အလယ်လောက်မှာ မီးဖြတ်ချခံခဲ့ရတာကြောင့် ၎င်းနဲ့အတူ စီစဉ်တင်ဆက်သူအားလုံးဟာ မှောင်ထဲမည်းထဲမှာ ပွဲပြီးသုံးသပ်ချက်ကို ပြုလုပ်ခဲ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က