ပေါ့ပ်အဆိုတော်နဲ့ နိုက်ကလပ်မှာ ရန်ဖြစ်ခဲ့တာပါ။

တူရကီဘောလုံးကြယ်ပွင့် အာဒါတူရန်ဟာ ထင်ရှားတဲ့ တူရကီအဆိုတော်တစ်ဦးနဲ့ ဖြစ်ပွားခဲ့တဲ့ ရန်ပွဲအတွက် တရားစွဲဆိုခြင်းခံခဲ့ရပါတယ်။ ရန်ပွဲဟာ အစ္စတန်ဘူလ်မှာရှိတဲ့ နိုက်ကလပ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရန်ပွဲအတွင်းမှာ သေနတ်ကိုပါ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

103130-bnapwdayvo-1539611209.jpg

ဘာစီလိုနာအသင်းရဲ့ကွင်းလယ်ကစားသမား အာဒါတူရန်ဟာ တူရကီကလပ်အသင်းဖြစ်တဲ့ အစ္စတန်ဘူလ်ဘာဆတ်ဆီဟီအသင်းမှာ အငှားနဲ့ လာရောက်ကစားနေသူဖြစ်ပါတယ်။ သတင်းဌာနတွေရဲ့ဖော်ပြချက်အရ အစ္စတန်ဘူလ်မှာတည်ရှိတဲ့ အထက်တန်းလွှာတွေသာ ဝင်ထွက်သွားလာနိုင်တဲ့ နိုက်ကလပ်တစ်ခုမှာ အာဒါတူရန်နဲ့ ဘာကေးဆာဟင်လို့ခေါ်တဲ့ ထင်ရှားတဲ့တူရကီပေါ့ပ်အဆိုတော်တို့ ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပေါ့ပ်အဆိုတော် ဘာကေးဆာဟင်ဟာ ၎င်းရဲ့ဇနီးဖြစ်သူ အိုဇင်အာဒါးဆာဟင်နဲ့အတူ နိုက်ကလပ်ကို လာရောက်ခဲ့တာဖြစ်ပြီး အာဒါတူရန်ဟာ အိုဇင်အာဒါးဆာဟင်ကို ဝင်ရောရာကနေ သူမရဲ့ခင်ပွန်းဖြစ်သူ ဘာကေးဆာဟင်နဲ့ ခိုက်ရန်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဘာကေးဆာဟင်ဟာ အာဒါတူရန်ရဲ့ထိုးကြိတ်မှုကြောင့် နှာခေါင်းရိုးကျိုးသွားခဲ့တာကြောင့် ဆေးရုံမှာ ကုသမှုခံယူခဲ့ရပါတယ်။

 

တူရကီအစိုးရရှေ့နေတွေဟာ ယင်းဖြစ်ရပ်ကြောင့် အာဒါတူရန်ကို ထောင်ဒဏ် ၁၂ နှစ်နဲ့ ၆ လ ချမှတ်ပေးဖို့ တရားရုံးကို လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ အာဒါတူရန်ဟာ ဘာကေးဆာဟင်တို့ လင်မယားကို နှောင့်ယှက်တယ်ဆိုတဲ့စွပ်စွဲချက်ကို ယုံကြည်တယ်ဆိုရင် ပစ်သတ်မယ်လို့ ခြိမ်းခြောက်ခဲ့ပြီး မပစ်ဖို့ တောင်းပန်ခိုင်းခဲ့တယ်လို့ သိရပါတယ်။

အာဒါတူရန်က အိုဇင်အာဒါးဆာဟင်က ဘာကေးဆာဟင်ရဲ့ဇနီးဆိုတာကို မသိဘူးလို့လည်း ပြောကြားခဲ့ပြီး ဆေးရုံကနေ ထွက်ပေါ်လာတဲ့ ဗီဒီယိုထဲမှာ အာဒါတူရန်ဟာ စားပွဲပေါ်ကို သေနတ်ပစ်ချခဲ့ပြီး ယင်းဗီဒီယိုမထွက်ပေါ်လာမီကတည်းက ရန်ပွဲအပြီး နိုက်ကလပ်အပြင်ဘက် နောက်ဆက်တွဲအခြေအနေကို ပြသထားတဲ့ဗီဒီယိုဖိုင်ဟာ တူရကီမီဒီယာတွေကနေတစ်ဆင့် ထွက်ပေါ်ခဲ့ပြီးဖြစ်ပါတယ်။

 

ဘာကေးဆာဟင်ဟာ အာဒါတူရန်ကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု၊ တရားဝင်လိုင်စင်မရှိဘဲ လက်နက်ကိုင်ဆောင်မှု၊ တမင်တကာယေဘုယျအားဖြင့် လုံခြုံရေးကို အန္တရာယ်ပြုမှုနဲ့ ရည်ရွယ်ချက်ရှိရှိဒဏ်ရာရရှိစေမှုတို့နဲ့ တရားစွဲဆိုခဲ့တယ်လို့ သိရပါတယ်။

အာဒါတူရန်ဟာ ၂၀၁၇ ခုနှစ်တုန်းက လေယာဉ်ပေါ်မှာ အားကစားဂျာနယ်လစ်တစ်ဦးကို စကားနဲ့ရော ကိုယ်ထိလက်ရောက်ပါ တိုက်ခိုက်ခဲ့ပြီးနောက် လက်ရွေးစင်အသင်းကနေ အနားယူခဲ့သူဖြစ်ပါတယ်။

Share

Loading Next Article...
က္က