အင်တာမီလန်ကြယ်ပွင့်တိုက်စစ်မှူး အီကာဒီပါ။

ရီးရဲမက်ဒရစ်အသင်းဟာ အသင်းရဲ့ဂိုးသွင်းစက် ခရစ်စတီယာနိုရော်နယ်ဒို ဘာနေဗျူးကနေ ထွက်ခွာသွားကတည်းက ဂိုးသွင်းယူနိုင်ဖို့အတွက် ရုန်းကန်နေရတာဖြစ်ပြီး ရီးရဲမက်ဒရစ်အသင်းရဲ့နည်းပြဟောင်း ဖေဘီယိုကာပယ်လို ရော်နယ်ဒိုရဲ့နေရာမှာ ချက်ချင်းအစားထိုးနိုင်မယ့် ကြယ်ပွင့်ကစားသမားရဲ့နာမည်ကို ပြောပြခဲ့ပါတယ်။



default.jpg

Photos: Soccerladuma

ရီးရဲမက်ဒရစ်အသင်းဟာ လက်ရှိအချိန်မှာ မိနစ် ၆၀၀ ကျော် ဂိုးပေါက်ပျောက်ဆုံးနေပြီး ၁၉၈၅ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ဂိုးပေါက်ပျောက်ဆုံးနေတာဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်အသင်းကို ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြဟောင်း ဖေဘီယိုကာပယ်လိုက အသင်းကနေ ထွက်ခွာသွားတဲ့ ရော်နယ်ဒိုရဲ့နေရာမှာ အင်တာမီလန်အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး အီကာဒီကို ခေါ်ယူဖို့ တိုက်တွန်းခဲ့ပါတယ်။

ဘာနေဗျူးကို ဟယ်ရီကိန်း လာရောက်ဖို့ ရာမို့စ် သွေးဆောင်ခဲ့တာလား 

"ကျွန်တော်က အီကာဒီရဲ့ပရိသတ်ပါ။ ကျွန်တော်သာ ရီးရဲမက်ဒရစ်မှာရှိနေမယ်ဆိုရင် သူ့ကို ချက်ချင်း ခေါ်ယူလိုက်မှာပါ"

"သူက ရော်နယ်ဒိုလိုမျိုးပဲ ပင်နယ်တီဧရိယာထဲမှာ အထူးကျွမ်းကျင်တဲ့ကစားသမားတစ်ယောက်ပါ"

Photos: AS

 

"သူက ဂိုးသွင်းနိုင်မယ့်နေရာကို မြင်တတ်ပြီး ဂိုးရရှိတဲ့ခံစားချက်ကို ပေးနိုင်တဲ့ကစားသမားပါ။ ကစားသမားအချို့သာ လုပ်နိုင်တဲ့ ပင်နယ်တီဧရိယာထဲမှာ ဘယ်လိုနည်းလမ်းမျိုးနဲ့ ရွေ့လျားသွားရမယ်ဆိုတာ သူ သိပါတယ်"

"ခင်ဗျား သူ့ကို ဘောလုံး ၃ ခါပေးမယ်ဆိုရင် သူ ၃ ဂိုးသွင်းပေးပါလိမ့်မယ်"လို့ ပြောကြားခဲ့ပါတယ်။

အင်တာမီလန်အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင်အီကာဒီဟာ ဘာစီလိုနာအသင်းရဲ့ ကျော်ကြားတဲ့ လာမာစီယာလူငယ်အကယ်ဒမီမှာ ဘောလုံးပညာ သင်ယူဖူးခဲ့သူဖြစ်ပြီး အင်တာမီလန်အသင်းအတွက် ပွဲ ၁၉၀ မှာ ၁၁၂ ဂိုးအထိ သွင်းယူပေးထားနိုင်တဲ့ကစားသမားဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က