မှတ်တမ်းဆိုးတွေ ပိုင်ဆိုင်ခဲ့တာပါ။

၂၀၁၈ ခုနှစ်ကတော့ ဂျာမနီအတွက် ကျိန်စာသင့်နေတဲ့ နှစ်တစ်နှစ်ပါပဲ။ ပြင်သစ်အသင်းကို နေးရှင်းလိဂ်ပြိုင်ပါမှာ ၂-၁ ဂိုးနဲ့ အရေးနိမ့်ပြီးနောက်မှာ ဂျာမနီအသင်းဟာ ပြက္ခဒိန်တစ်နှစ်အတွင်း (၆)ပွဲအထိ ရှုံးနိမ့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီရှုံးနိမ့်မှုဟာ ဂျာမနီအသင်း သမိုင်းတစ်လျှောက်မှာ ပထမဆုံးအကြိမ်အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။



Photo : Sports Illustrated

 

ဂျာမနီဟာ ကမ္ဘာ့ဖလားမတိုင်ခင် ကစားခဲ့တဲ့ ခြေစမ်းပွဲတွေမှာ ဘရာဇီးလ် နဲ့ သြစတြီးယားအသင်းတို့ကို ရှုံးနိမ့်ခဲ့ပါတယ်။ ကမ္ဘာ့ဖလား အုပ်စုပြိုင်ပွဲအဆင့်မှာလည်း မက္ကဆီကို နဲ့ တောင်ကိုရီးယားတို့ကို ထပ်မံရှုံးနိမ့်ခဲ့ပြီး အုပ်စုက ထွက်ခဲ့ရတဲ့ လက်ရှိချန်ပီယံအဖြစ်လည်း မှတ်တမ်းဆိုးကို ရရှိခဲ့ပါတယ်။ အဲဒီနောက် နေးရှင်းလိဂ်ပြိုင်ပွဲတွေမှာ နယ်သာလန် နဲ့ ပြင်သစ်တို့ကို ထပ်ရှုံးခဲ့ပြီး စုစုပေါင်း (၆)ပွဲအထိ အရေးနိမ့်ခဲ့ပါတယ်။

Photo : Bavarian Football Works

 

ပြင်သစ်နဲ့ပွဲမှာ တိုနီခရူးစ်ရဲ့ ပယ်နယ်တီသွင်းဂိုးနဲ့ ဂျာမနီအသင်း ဦးဆောင်နေပေမယ့် ဒုတိယပိုင်းမှာ အန်တိုနီယိုဂရစ်မန်းဇ်ရဲ့ ချေပဂိုး နဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီးနောက် နောက်ဆုံးကစားခဲ့တဲ့ (၃)ပွဲဆက်တိုက် အရှုံးရလာဒ်နဲ့ ရင်ဆိုင်သွားခဲ့ရပါတယ်။ နှစ်ပေါင်း (၂၀)အတွင်းမှာ ဂျာမနီအသင်းဟာ ပြိုင်ပွဲကြီးအသွင်ဆောင်တဲ့ (၄)ပွဲဆက် နိုင်ပွဲမရှိခဲ့တဲ့ မှတ်တမ်းဆိုးကိုလည်း ရရှိသွားခဲ့ပါတယ်။

Photo : Bavarian Football Works

 

ဒါ့အပြင် ၂၀၀၀ ခုနှစ်နောက်ပိုင်း အဓိကပြိုင်ပွဲကြီး (၂)ခုမှာ ဆက်တိုက်အရေးနိမ့်ခဲ့မှတ်တမ်းကိုလည်း ဂျာမနီအသင်း ရရှိခဲ့ပြီး ၂၀၁၈ ကတော့ ဂျိုအာချင်လိုရဲ့ ဂျာမနီအတွက် အိပ်မက်ဆိုးတွေနဲ့ ပြည့်နှက်နေခဲ့ရပါတယ်။ လာမယ့် နိုင်ငံတကာပွဲစဉ်တွေအဖြစ် နိုဝင်ဘာလ (၁၅)ရက်နေ့မှာ ရုရှားအသင်းနဲ့ ခြေစမ်းပွဲ ကစားဦးမှာ ဖြစ်ပါတယ်။

Photo : Premium Times Nigeria

 

အဲဒီနောက်မှာတော့ နေးရှင်းလိဂ်ပြိုင်ပွဲအဖြစ် နယ်သာလန်အသင်းနဲ့ ထပ်မံကစားရမှာဖြစ်ပြီး နေးရှင်းလိဂ်ကနေ တန်းဆင်း၊မဆင်းဆိုတာ နယ်သာလန်နဲ့ပွဲအပေါ် မူတည်နေခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံအသင်းအတွက်တော့ (၄)နှစ်အကြာမှာ အသင်းဟာ အံ့အားသင့်စရာကောင်းလောက်အောင် ရလာဒ်တွေ ဆိုးရွားခဲ့ပြီး ဂျိုအာချင်လိုရဲ့ အနာဂတ်ကလည်း မတည်မငြိမ် ဖြစ်လာခဲ့ပါပြီ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က