ခံစစ်ကစားသမား လော့ဗ်ရန်ဖြစ်ပါတယ်။

စပိန်လာလီဂါထိပ်သီးအသင်းကြီးဖြစ်တဲ့ ဘာစီလိုုနာအသင်းဟာ လီဗာပူးအသင်းရဲ့နောက်ခံကစားသမား လော့ဗ်ရန်ကို လာမယ့်ဇန်နဝါရီလမှာ ခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ Mundo Deportivo ရဲ့သတင်းအရ သိရပါတယ်။ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ လီဗာပူးအသင်းရဲ့ကြယ်ပွင့်ကစားသမား ကော်တင်ဟိုကို မရမကခေါ်ယူခဲ့တဲ့အသင်းဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ လက်ရှိအချိန်မှာ အသင်းရဲ့ခံစစ်ကစားသမားတွေဖြစ်တဲ့ အမ်တီတီနဲ့ ဗာမယ်လန်တို့ ဒဏ်ရာအသီးသီးရရှိနေတာကြောင့် နောက်ထပ်ခံစစ်ကစားသမားတစ်ဦးကို ခေါ်ယူဖို့လိုအပ်နေတာဖြစ်ပါတယ်။ အမ်တီတီဟာ အနည်းဆုံး ဒီဇင်ဘာလမှသာ ပြန်လည်ကစားနိုင်မှာဖြစ်ပြီး ဗာမယ်လန်ကတော့ ဘယ်လ်ဂျီယံအသင်းနဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ တံကောက်ကြောဒဏ်ရာကြောင့် ၆ ပတ်အနားယူရမယ်လို့ သိရပါတယ်။



ဦးလှမောင်အတွက် နောက်ထပ်တစ်ကြိမ် ကျွမ်းထိုးခွင့် 

လက်ရှိအချိန်မှာ ပီကေးနဲ့ ပြီးခဲ့တဲ့နွေရာသီက အသစ်ခေါ်ယူထားတဲ့ ကလီးမင့်လန်းဂလတ်တို့သာ ဘာစီလိုနာအသင်းရဲ့ခံစစ်မှာ ကြံ့ခိုင်မှုပြည့်ဝတဲ့ကစားသမားအဖြစ် ရှိနေတာဖြစ်ပါတယ်။ စပိန်သတင်းဌာန Mundo Deportivo ရဲ့သတင်းထောက် ဖရန်စက်အဂွီလာရဲ့ ရေးသားချက်အရ ဘာစီလိုနာအသင်းဟာ လီဗာပူးအသင်းရဲ့နောက်ခံကစားသမား လော့ဗ်ရန်ကို ခေါ်ယူဖို့အဆင်သင့်ပြင်နေပြီလို့ သိရပါတယ်။

skysports-philippe-coutinho_4442138.jpg

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီ ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ လီဗာပူးအသင်းက ရောင်းချဖို့ ပြတ်ပြတ်သားသား ပယ်ချခဲ့တဲ့ ကွင်းလယ်ကြယ်ပွင့်ကော်တင်ဟိုကို အရခေါ်ယူပြနိုင်ခဲ့တဲ့အသင်းဖြစ်ပါတယ်။ ဒဏ်ရာကြောင့် အသင်းရဲ့ပွဲစဉ်တွေကို လွဲချော်ခဲ့တဲ့ လော့ဗ်ရန်ဟာ မန်ချက်စတာစီးတီးအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ယခုရာသီရဲ့ပထမဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားပေးထားတဲ့ကစားသမားဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ခံစစ်မှာ ခြေစွမ်းပြနေတဲ့ ဂျိုးဂိုးမက်ဇ်နဲ့ ဗန်ဒိုက်တို့ကြောင့် ပုံမှန်ပွဲထွက်ခွင့်မရဖြစ်နေတဲ့ လော့ဗ်ရန်ဟာ ပြီးခဲ့တဲ့ ၄ နှစ်က ဆောက်သမ်တန်အသင်းကနေ လီဗာပူးအသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၁၅၄ ပွဲ ပါဝင်ကစားပေးထားတဲ့ကစားသမားဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က