ရီးရဲကို ပြောင်းရွှေ့ဖို့က အိပ်မက်လို့ ဟာဇက်က ပြောခဲ့တာပါ။

ရီးရဲမက်ဒရစ်အသင်းဟာ ချယ်ဆီးအသင်းရဲ့ ကြယ်ပွင့်တောင်ပံကစားသမား အီဒင်ဟာဇက်ကို အသင်းရဲ့ကြယ်ပွင့်တောင်ပံကစားသမား ဂါရတ်ဘေးလ်နဲ့ အလဲအထပ်ပြုလုပ်ပြီး ခေါ်ယူလိုတဲ့ဆန္ဒရှိနေတယ်လို့ Ok Diario ရဲ့သတင်းအရ သိရပါတယ်။ အီဒင်ဟာဇက်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလတုန်းက ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သူဖြစ်ပါတယ်။

gareth-bale-eden-hazard-real-madrid-chelsea_11xtx0anqc2sb1g0w9wma00gtw.jpg



ချယ်ဆီးအသင်းရဲ့ကြယ်ပွင့်တောင်ပံကစားသမား အီဒင်ဟာဇက်ဟာ ရီးရဲမက်ဒရစ်အသင်းဟာ ၎င်းရဲ့အိပ်မက်ထဲက အသင်းဖြစ်တယ်လို့ လူသိရှင်ကြားထုတ်ဖော်ပြောကြားခဲ့သူဖြစ်ပြီး ယခုလာမယ့်ဇန်နဝါရီလမှာတော့ အသင်းကနေ ပြောင်းရွှေ့ဦးမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဦးလှမောင်အတွက် နောက်ထပ်တစ်ကြိမ် ကျွမ်းထိုးခွင့် 

ရီးရဲမက်ဒရစ်အသင်းဟာ အီဒင်ဟာဇက်ရဲ့လစာပမာဏနဲ့ ကိုက်ညီစေဖို့နဲ့ အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ ပိုမိုနီးစပ်အောင် အသင်းရဲ့ကြယ်ပွင့် တောင်ပံကစားသမား ဂါရတ်ဘေးလ်နဲ့ အလဲအထပ်ပြုလုပ်ပြီး ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

 

ချယ်ဆီးအသင်းအနေနဲ့ ရီးရဲမက်ဒရစ်အသင်းနဲ့ ၂၀၂၂ ခုနှစ်အထိ သက်တမ်းရှိတဲ့ ဂါရတ်ဘေးလ်ရဲ့ ကြီးမားတဲ့စာချုပ်အတွက် ပေးချေဖို့ ဆန္ဒရှိ၊ မရှိကိုသာ ကြည့်ရတော့မှာဖြစ်ပြီး ယခုအပြောင်းအရွှေ့ဟာ ကစားသမား ၂ ဦးစလုံးအတွက် အိပ်မက်တွေ အမှန်တကယ်ဖြစ်လာမှာဖြစ်ပါတယ်။

ဂါရတ်ဘေးလ်ဟာ ပြီးခဲ့တဲ့လအနည်းငယ်တုန်းက ၎င်းအနေနဲ့ ကစားသမားဘဝ မကုန်ဆုံးမီ ပရီးမီးယားလိဂ်မှာ ပြန်လည်ကစားလိုတဲ့ ဆန္ဒရှိကြောင်း ပြောကြားခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းက ဂါရတ်ဘေးလ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က