၎င်းရဲ့အကောင်းဆုံးနှစ်လို့ ပြောခဲ့တာပါ။

ရီးရဲမက်ဒရစ်အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် လူကာမိုဒရစ်ဟာ ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ပေးအပ်တဲ့ ဘလွန်းဒီအော်ဆုအတွက် ၎င်းနဲ့ အပြိုင် ဆုရရှိသွားနိုင်တဲ့ ကစားသမားတွေကို ခန့်မှန်းပေးခဲ့ပါတယ်။ လူကာမိုဒရစ်ဟာ ယခုနှစ်အတွက် ပေးအပ်တဲ့အဓိကဆုတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။

3afce-15397545299800-800.jpg



၂၀၁၈ ခုနှစ်အတွက် ဘလွန်းဒီအော်ဆုအတွက် ဆန်ကာတင် ၃၀ ဦးစာရင်းကို မကြာသေးမီက ထုတ်ပြန်ကြေညာခဲ့ပြီး ကမ္ဘာတဝှမ်းက ပရိသတ်တွေဟာ ယခုနှစ်အတွက် ဘလွန်းဒီအော်ဆုရှင် ဘယ်သူဖြစ်မလဲဆိုတာ ကြိုတင်ခန့်မှန်းနေကြပြီဖြစ်ပါတယ်။

ဦးလှမောင်အတွက် နောက်ထပ်တစ်ကြိမ် ကျွမ်းထိုးခွင့် 

ထုတ်ပြန်ခဲ့တဲ့ ဆန်ခါတင်စာရင်းမှာ အဂူရို၊ အယ်လီဆင်၊ ဘေးလ်၊ ဘန်ဇီးမား၊ ကာဗာနီ၊ ကော်တိုရစ်၊ ရော်နယ်ဒို၊ မက်ဆီ၊ ဒီဘရိုင်း၊ ဖာမီနို၊ ဂိုဒင်၊ ဂရစ်ဇ်မန်း၊ ဟာဇက်၊ အစ္စကို၊ ကိန်း၊ ကန်တေ၊ လိုရစ်၊ မန်ဇူကစ်၊ မာနေး၊ မာဆယ်လို၊ ဘတ်ပီ၊ မိုဒရစ်၊ နေမာ၊ အော့ဘလက်၊ ပေါ့ဂ်ဘာ၊ ရာကီတစ်၊ ရာမို့စ်၊ ဆာလာ၊ ဆွာရက်ဇ်၊ ဗာရာနီတို့ ပါဝင်နေပါတယ်။

 

လူကာမိုဒရစ်ဟာ ဘလွန်းဒီအော်ဆုကို ရရှိနိုင်မယ့်အခွင့်အရေးရှိ၊ မရှိဆိုတာကို ဖြေကြားဖို့ ငြင်းပယ်ခဲ့ပြီး ဆုရရှိနိုင်တဲ့ အခြားကစားသမားတွေနာမည်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

"ကျွန်တော် ဂရစ်ဇ်မန်းကို ဆန်ခါတင်စာရင်းဝင် ပြင်သစ်ကစားသမား ၃ ဦးထဲမှာ ဆုရနိုုင်ခြေအရှိဆုံးစာရင်းမှာ ထည့်ထားပါတယ်။ သူ ဒီနှစ်မှာ ရရှိခဲ့တဲ့အရာတွေအားလုံးအတွက်ပေါ့"

"ဘတ်ပီလား။ သူက ထူးခြားတဲ့ပါရမီရှိတဲ့ကစားသမားတစ်ယောက်ပါ။ အနာဂတ်မှာ ကျိန်းသေပေါက်ထွန်းတောက်မယ့်ကြယ်ပွင့်ကစားသမားဖြစ်ပြီး ထိပ်တန်းအဆင့်ခြေစွမ်းရှိတယ်ဆိုတာကို ပြသခဲ့ပြီးပြီဖြစ်တဲ့ ကစားသမားပါ။ သူက အရမ်းကို ထူးခြားလွန်းပါတယ်"

"ဟုတ်ပါတယ်။ ကျွန်တော်က ဘလွန်းဒီအော်ဆုနဲ့ ထိုက်တန်ပါတယ်လို့တော့ ကျွန်တော် မပြောချင်ပါဘူး။ ကျွန်တော့်အတွက် အရေးကြီးဆုံးအရာက ကွင်းထဲမှာ ပြီးခဲ့တဲ့လတွေတုန်းက ကျွန်တော်ရှိခဲ့သလိုမျိုး ရှိနေဖို့ပါပဲ"

"ဒီ ၂၀၁၈ ခုနှစ်က ကျွန်တော့်ရဲ့ကစားသမားသက်တမ်းတစ်လျှောက်မှာ အကောင်းဆုံးနှစ်ဆိုတာကတော့ သံသယဖြစ်စရာမရှိပါဘူး"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က