လူးဝစ္စဆွာရက်ဇ်နေရာမှာ အစားထိုးဖို့ပါ။

ဘာစီလိုနာအသင်းဟာ အသက်အရွယ်အရ အကျပိုင်းကို ချဉ်းနင်းဝင်ရောက်လာပြီဖြစ်တဲ့ တိုက်စစ်မှူး လူးဝစ္စဆွာရက်ဇ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ထိပ်တန်းအဆင့်တိုက်စစ်မှူးကို လိုက်လံရှာဖွေနေပြီး လီဗာပူးအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ဖာမီနိုဟာ ဆွာရက်ဇ်ရဲ့နေရာမှာ အသင့်တော်ဆုံးဖြစ်တယ်လို့ အတည်ပြုခဲ့ကြောင်း စပိန်က သတင်းတွေအရ သိရပါတယ်။



gettyimages-1047234770.jpg

ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူး ဆွာရက်ဇ်ဟာ ပြီးခဲ့တဲ့ ၂ ရာသီကစပြီး ခြေစွမ်းအနည်းငယ်ကျဆင်းလာခဲ့ပြီဖြစ်ပြီး ယခုရာသီမှာလည်း ပြိုင်ပွဲစုံမှာ ၁၁ ပွဲမှာ ၃ ဂိုးသာ သွင်းယူထားတဲ့ကစားသမားဖြစ်ပါတယ်။ ဆွာရက်ဇ်ဟာ လာမယ့်ဇန်နဝါရီလမှာ အသက် ၃၂ နှစ် ပြည့်မြောက်တော့မှာဖြစ်ပြီး El Chiringuito de Jugones ရဲ့ရေးသားချက်အရ ဘာစီလိုနာအသင်းဟာ ဆွာရက်ဇ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် လီဗာပူးအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ဖာမီနိုကို ထိပ်တန်းပစ်မှတ်စာရင်းမှာ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

 

ဖာမီနိုဟာ ရုန်းအားတိုးအားကောင်းမွန်တဲ့ ကစားသမားဖြစ်တာကြောင့် ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူး မက်ဆီနဲ့ တွဲဖက်ကစားနိုင်မယ့် ကစားသမားဖြစ်ပြီး အသင်းဖော်ဟောင်းဖြစ်တဲ့ ကော်တင်ဟိုကလည်း ဖာမီနိုနဲ့ပတ်သက်ပြီး ဘာစီလိုနာအသင်းကို ထောက်ခံချက်ပေးခဲ့တယ်လို့ သိရပါတယ်။

ဦးလှမောင်အတွက် နောက်ထပ်တစ်ကြိမ် ကျွမ်းထိုးခွင့် 

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရာသီက ၂၇ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ဖာမီနိုရဲ့သွင်းဂိုးအရေအတွက်ထက် ဖာမီနိုရဲ့တိုက်ပွဲဝင်အရည်အသွေးကို ပိုမိုနှစ်သက်နေတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ဖာမီနိုကို ကော်တင်ဟိုတုန်းကလို ဇန်နဝါရီလမှာ ခေါ်ယူနိုင်မယ်လို့ ယုံကြည်ထားခြင်းမရှိဘဲ လာမယ့်နွေရာသီအထိ စောင့်ဆိုင်းပြီး ခေါ်ယူဖို့ ပြင်ဆင်သွားမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က