ဘတ်ပီရဲ့ တောက်ပမှုကြောင့် ထွက်ခွာနိုင်တာပါ။

ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူး နေမာဟာ ဘာစီလိုနာအသင်းကို ပြန်လည်ပြောင်းရွှေ့ဖို့အတွက် စဉ်းစားနေတယ်လို့ သိရပါတယ်။ 90 min သတင်းဌာနရဲ့ ဖော်ပြချက်အရ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဟာ အသင်းဖော်တိုက်စစ်မှူး ကိုင်လီယန်ဘတ်ပီရဲ့ နာမည်ကျော်ကြား လာမှုအောက်မှာ ငုပ်လျှိုးနေရတဲ့ အဖြစ်ကို ရှောင်လွှဲချင်နေတယ်လို့ သိရပါတယ်။



 

ဘာစီလိုနာမှာ လီယွန်နယ်မက်ဆီရဲ့ လွှမ်းမိုးမှုအောက် ရှိနေခဲ့ပြီး ဘလွန်းဒီအောဆုကို မမျှော်မှန်းနိုင်တဲ့ အခြေအနေနဲ့ ကြုံတွေ့ခဲ့ရပြီးနောက် နေမာဟာ ပီအက်စ်ဂျီအသင်းကို ယူရို၂၂၂သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ အသက် (၂၆)နှစ်အရွယ် တိုက်စစ်ကစားသမားဟာ အခုမှာတော့ အသင်းဟောင်းကို ပြန်လည်ပြောင်းရွှေ့ဖို့ စဉ်းစားနေပြီလို့ စပိန်သတင်းစာ Mundo Deportivo က ဖော်ပြခဲ့ပါတယ်။

ဆာအဲလက်စ်ဖာဂူဆန် ပြောပြခဲ့တဲ့ ဝိန်းရွန်နီရဲ့ အကြောင်း 

 

ဘတ်ပီရဲ့ ခြေစွမ်းတောက်ပမှုတွေကြောင့် အသင်းရဲ့ အရေးအပါဆုံး ကစားသမားဖြစ်ဖို့ စိတ်အားထက်သန်နေခဲ့တဲ့ နေမာအတွက် စိတ်အနှောင့်အယှက် ဖြစ်လာခဲ့ပုံရပါတယ်။ ကာတာလန်အခြေစိုက် သတင်းစာတွေရဲ့ မျက်နှာဖုံးမှာလည်း နေမာ ဘာစီလိုနာကို ပြန်လည်ရောက်ရှိနိုင်တယ်ဆိုတဲ့သတင်းတွေကို ဖော်ပြရေးသားခဲ့ကြပါတယ်။

 

နေမာဟာ ဘာစီလိုနာမှာ (၄)နှစ်ကြာ ကစားခဲ့ပြီး ပြိုင်ပွဲစုံ (၁၈၆)ပွဲကစားကာ (၁၀၅)ဂိုးအထိ သွင်းယူပေးခဲ့ပြီး (၇၇)ကြိမ် ဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။ ဘာစီလိုနာမှာ ဘရာဇီးလ်အသင်းဖော် ကော်တင်ဟို၊ မယ်လ်ကွန်၊ အာသာတို့ ရှိနေခဲ့တာကလည်း နေမာအတွက် စဉ်းစားစရာ ဖြစ်ခဲ့ပြီး အပြန်အလှန်အားဖြင့် ဆွာရက်ဇ် ခြေစွမ်းကျဆင်းနေချိန်မှာ နေမာကို ဘာစီလိုနာကလည်း ပြန်လည် ခေါ်ယူဖို့ စဉ်းစားဖွယ် ရှိပါတယ်။

 

တစ်ဖက်မှာလည်း ပီအက်စ်ဂျီအနေနဲ့ ဘတ်ပီကို ရေရှည်အားကိုးနိုင်မှာ ဖြစ်တာမို့ ယူအီးအက်ဖ်အေရဲ့ ဘဏ္ဍာရေးမျှတစွာကစားရေး (FFP) စည်းမျဉ်းနဲ့ ကင်းလွတ်အောင် နေမာကို ပြန်လည်ရောင်းထုတ်ဖို့လည်း ရှိလာနိုင်ပါတယ်။ ဇန်နဝါရီ အပြောင်းအရွှေ့ကာလရောက်ဖို့ကလည်း(၂)လကျော်ခန့်သာ လိုနေတော့တာမို့ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ရတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က