ဘတ်ပီကို ချီးကျူးခဲ့တာပါ။

ပီအက်စ်ဂျီအသင်းရဲ့ ဂိုးသမား ဘတ်ဖွန်က အသင်းဖော်တိုက်စစ်မှူး ကိုင်လီယန်ဘတ်ပီကို ဘလွန်းဒီအောဆု ရရှိနိုင်တယ်လို့ ချီးကျူးလိုက် ပါတယ်။ ဘတ်ဖွန်က ဘလွန်းဒီအောဆုနဲ့ ဘတ်ပီဟာ ထိုက်တန်တယ်လို့ ယုံကြည်နေပြီး သူ့ရဲ့ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်တာ လည်း ဖြစ်ပါတယ်။


Photo : SportsJOE.ie

 

အသက် (၁၉)နှစ်အရွယ် တိုက်စစ်မှူး ဘတ်ပီဟာ ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီအသင်းကို ပြည်တွင်းဖလားအားလုံးရရှိအောင် အဓိကနေရာ ကနေ စွမ်းဆောင်ပေးခဲ့ပြီး ပြင်သစ်အသင်း ကမ္ဘာ့ဖလား ရရှိခဲ့ရမှာလည်း အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုကိုလည်း ပြိုင်ဘက်မရှိ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

 

လက်ရှိဘောလုံးရာသီမှာလည်း ဘတ်ပီက အသင်းအတွက် ပြိုင်ပွဲစုံ (၇)ပွဲ ကစားပေးထားပြီး သွင်းဂိုး (၁၀)ဂိုး ပိုင်ဆိုင်ထားပြီး ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းကို ဇူလိုင်လက ပြောင်းရွှေ့ခဲ့တဲ့ အီတလီ နဲ့ ဂျူဗင်တပ်စ်ဂိုးသမားဟောင်းကြီး ဘတ်ဖွန်က ဘတ်ပီကို ဘက်ဂီယို၊ ဒယ်ပီယာရို တို့လို အီတလီအကျော်အမော်တိုက်စစ်မှူးကြီးတွေနဲ့ နှိုင်းယှဉ်ပြီး ချီးကျူးခဲ့ပါတယ်။

Photo : football.fr

 

"ကွင်းထဲမှာ ပြသနေတဲ့ သူ့ရဲ့ခြေစွမ်းတွေက အရည်အသွေးအပြည့်အ၀ ရှိပါတယ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း သူက အဆုံးအဖြတ်ပေးနိုင်တဲ့ ကစားသမားဖြစ်ခဲ့တာပါ၊ ဘလွန်းဒီအောဆုနဲ့ သူ ထိုက်တန်လားဆို ထိုက်တန်တယ်လို့ ပြောရမှာပါပဲ၊ ဆန့်ကျင်ဖက်ကနေ ကျွန်တော် ပြောသွားမှာမဟုတ်ပါဘူး"

Photo : Yahoo! Sports

"ဒီလို အရည်အသွေးရှိတဲ့ ကစားသမားမျိုးကို ကျွန်တော် အီတလီမှာလည်း တွေ့ခဲ့ဖူးပါတယ်၊ အီတလီမှာဆိုရင် သူက ဘက်ဂီယို၊ ဒယ်ပီယာရို၊ တော့တီတို့လို ကစားသမားတွေနဲ့ နှိုင်းယှဉ်လို့ရပါတယ်၊ ဒါပေမယ့် သူ့မှာရှိတဲ့ အရည်အသွေး နဲ့ အရည်အချင်းတွေက ကျွန်တော် တွေ့ဖူးသမျှ ထဲမှာတော့ ရှားရှားပါးပါးပါပဲ"

Photo : Four Four Two

 

"အံ့အားသင့်ဖွယ်၊ မယုံကြည်နိုင်စရာကောင်းလောက်တဲ့ ကစားသမားဆိုတာမျိုးလိုပါပဲ၊ လက်ရှိသူကစားနေတဲ့ ပုံစံ၊ စိတ်အားထက်သန်မှု နဲ့ စိတ်လှုပ်ရှားဖွယ် ကစားပုံတို့ကိုသာ ထိန်းသိမ်းနိုင်မယ်ဆိုရင် ဒီလိုခြေစွမ်းမျိုးနဲ့ သူ အချိန်အကြာကြီး ကစားနိုင်ပါလိမ့်မယ်" လို့ ဘတ်ဖွန်က ဘတ်ပီကို ချီးကျူးသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က