လာမယ့်နှစ်အစမှာ ပြန်မြင်တွေ့ရတော့မှာပါ။

အာဆင်နယ်အသင်းရဲ့နည်းပြဟောင်း ဝါရင့်နည်းပြကြီး အာစင်ဝင်းဂါးဟာ လာမယ့်ဇန်နဝါရီလမှာ ဘောလုံးလောကို ပြန်လည်ဝင်ရောက်ဖို့ဆန္ဒရှိကြောင်း ပြောကြားခဲ့ပြီး ကမ္ဘာတဝှမ်းက ကမ်းလှမ်းမှုတွေ ရရှိထားတယ်လို့ ပြောကြားခဲ့ပါတယ်။



 

အသက် ၆၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အာစင်ဝင်းဂါးဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ ၂၂ နှစ်ကြာနည်းပြခဲ့တဲ့ အာဆင်နယ်အသင်းကနေ ထွက်ခွာခဲ့ပြီး စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်ဖို့အတွက်အားအင်အသစ်တွေ ပြန်လည်ရရှိနေပြီလို့ ခံစားရကြောင်း ပြောကြားခဲ့ပါတယ်။

ချန်ပီယံလိဂ်ဖလားကို မကိုင်မြှောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမား ၅ ဦး 

"အာဆင်နယ်အသင်းမှာ ရှိခဲ့တဲ့ ၂၂ နှစ်မှာ မတူညီတဲ့အဆင့်တွေတိုင်းအတွက် ကျွန်တော့်မှာ ကြီးမားတဲ့အတွေ့အကြုံတွေရခဲ့ပါတယ်။ ကျွန်တော့်ကို နည်းပြအဖြစ် ကမ္ဘာတဝှမ်းက ကမ်းလှမ်းဖို့မေးမြန်းစုံစမ်းမှုတွေ အများကြီးရရှိထားပါတယ်"

"အဖွဲ့ချုပ်တွေ၊ နိုင်ငံအသင်းတွေ၊ ဂျပန်ဖြစ်ပါလိမ့်မယ်"

 

"ဇန်နဝါရီလ ၁ ရက်နေ့မှာ ကျွန်တော် နောက်ထပ်တစ်ကြိမ် ပြန်လည်စတင်လိမ့်မယ်လို့ ယုံကြည်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းကို ၁၉၉၆ ခုနှစ်မှာ ဂျပန်လိဂ်အသင်းဖြစ်တဲ့ နာဂိုယာဂရမ်းပက်အိတ်အသင်းကနေ ပြောင်းလဲတာဝန်ယူကိုင်တွယ်ခဲ့တဲ့ အာစင်ဝင်းဂါးဟာ ဂျပန်လက်ရွေးစင်အသင်းရဲ့နည်းပြဖြစ်လာဖို့ ရေပန်းစားနေသလို ပီအက်စ်ဂျီအသင်းရဲ့ဘုတ်အဖွဲ့ဝင်ဖြစ်လာမယ်လို့လည်း သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က