ဒီလုပ်ရပ်အပေါ် စပါးနည်းပြ ပွန်ချက်တီနိုက ဂုဏ်ယူတယ်လို့ ဆိုတာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းက စပိန်အသင်းကို ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲရဲ့ ပွဲချိန် ၁၂ မိနစ်ခန့်မှာ အင်္ဂလန်ကွင်းလယ်လူ အဲရစ် ဒိုင်ယာက စပိန်နောက်ခံလူ ရာမို့စ်ကို ကြမ်းတမ်းစွာ ဖျက်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

Photo - Fox Sports

 

စပိန်နဲ့ အင်္ဂလန်ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ စပိန်နောက်ခံလူ ရာမို့စ်ကို ကြမ်းတမ်းစွာ ဖျက်ထုတ်လိုက်တဲ့ အင်္ဂလန်ကွင်းလယ်လူ အဲရစ် ဒိုင်ယာရဲ့ လုပ်ရပ်အပေါ်မှာ ဂုဏ်ယူတယ်လို့ စပါးနည်းပြ ပွန်ချက်တီနိုက ပြောပါတယ်။

အင်္ဂလန်နဲ့ စပိန်အသင်းတို့ နေးရှင်းလိဂ်ပွဲစဉ်က ထူးဆန်းတဲ့ဖြစ်ရပ် ၇ ခု 

အဆိုပါ ဖျက်ထုတ်မှုကြောင့် ကွင်းလယ်ဒိုင်ရဲ့ အဝါကဒ်ပြသခြင်းကို ခံခဲ့ရပေမယ့်လည်း အင်္ဂလန်အသင်းကတော့ ပွဲအပြီးမှာ ၃-၂ ဂိုးနဲ့ အနိုင်ရရှိ ခဲ့ပါတယ်။

Photo - Daily Mail

 

အဆိုပါအခြေအနေကတော့ စပါးကွင်းလယ်လူ ဒိုင်ယာအတွက် မလိုအပ်တဲ့ စွန့်စားမှု တစ်ရပ်ဖြစ်ခဲ့ပေမယ့်လည်း ပွန်ချက်တီနိုကတော့ သူမြင် လိုက်ရတဲ့ မြင်ကွင်းအတွက် ဂုဏ်ယူတယ်လို့ပဲ ဆိုပါတယ်။

"ဒါက ဖြစ်သင့်ပါတယ်။အရမ်းကို ရဲရင့် ပြတ်သားတဲ့ လုပ်ဆောင်မှုပါပဲ။" လို့ ပွန်ချက်တီနိုက Sky Sports News သတင်းဌာနကို ပြောပါတယ်။

Photo - Stadium Astro

 

ဆီဗီလာမှာ ကစားခဲ့တဲ့ အဆိုပါ နေးရှင်းလိဂ်ပွဲစဉ်မှာတော့ ဒိုင်ယာဟာ စပါးအသင်းက ၄ ဦးမြောက်ရွေးချယ်ခံထားရတဲ့ အင်္ဂလန် ကစားသမား တစ်ဦးဖြစ်ပြီး ထရစ်ပီယာ၊ဟယ်ရီဝင်းခ်နဲ့ ဟယ်ရီကိန်းတို့လည်း ပါဝင်ခဲ့ပါတယ်။

အဆိုပါ ဒိုင်ယာရဲ့ ခြေစွမ်းကို ပွန်ချက်တီနိုက ပြည်တွင်းလိဂ်ကစားရမယ့် ဝက်စ်ဟမ်းနဲ့ လန်ဒန်ဒါဘီပွဲမှာ ဆက်လက်မြင်တွေ့ချင်နေတာလို့ လည်း ဆိုပြန်ပါတယ်။

"ဒါက အရမ်းကို ပြောင်မြောက်တယ်လို့ထင်ပါတယ်။ပြောချင်တာက သူ့ရဲ့ တွေးခေါ်မှု ဘယ်လောက်မြင့်မားလဲဆိုတာကိုပါ။စပိန်နဲ့ကစားမယ်ဆို ရင်သူတို့ထက်ပိုပြီး တွေးခေါ်မှု မြင့်မားဖို့လိုပါတယ်။အဲ့ပွဲမှာတော့ အင်္ဂလန်ကစားသမားတွေ မယုံကြည်နိုင်စရာ လုပ်ပြခဲ့ပါတယ်။" လို့ ပွန်ချက် တီနိုက ဆိုပါတယ်။

စပါးအသင်းကတော့ လာမယ့်တစ်ပတ်မှာ ဝက်စ်ဟမ်းအသင်းကို အဝေးကွင်းလိုက်ပါကစားရမှာ ဖြစ်ပြီး လန်ဒန်ဒါဘီပွဲဖြစ်တာကြောင့် ပြိုင်ဆိုင် မှု ပြင်းထန်လာဖို့ရှိနေပါတယ်။

Share

Loading Next Article...
က္က