ယခုပြက္ခဒိန်နှစ်အတွက် သွင်းဂိုး ၄၀ ကျော်သွားပြီဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ယခုပြက္ခဒိန်နှစ်မှာ စုစုပေါင်းသွင်းဂိုး ၄၁ ဂိုးအထိ သွင်းယူထားခဲ့ပြီးဖြစ်ပြီး ၎င်းရဲ့ကာလရှည်ပြိုင်ဘက်ဖြစ်တဲ့ ဂျူဗင်တပ်အသင်းရဲ့တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုထက် ၃ ဂိုးအသာနဲ့ ဂိုးမိုင်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပြီဖြစ်ပါတယ်။



 

နိုင်ငံတကာအားလပ်ရက်အဖြစ် ဥရောပလိဂ်ပြိုင်ပွဲတွေ ခေတ္တရပ်နားထားချိန်မှာ မက်ဆီဟာ ယခုရာသီမှာ ဘာစီလိုနာအသင်းအတွက် ၁၁ ပွဲကစားပြီး ၁၁ ဂိုးသွင်းယူပေးထားပါတယ်။ မက်ဆီဟာ ပြက္ခဒိန်တစ်နှစ်အတွင်း ကလပ်အသင်းနဲ့ လက်ရွေးစင်အသင်းအတွက် စုစုပေါင်း သွင်းဂိုး ၄၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ၁၀ ရာသီဆက်တိုက် သွင်းဂိုး ၄၀ အထက် သွင်းယူထားနိုင်တဲ့ကစားသမားဖြစ်လာခဲ့ပါတယ်။

ချန်ပီယံလိဂ်ဖလားကို မကိုင်မြှောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမား ၅ ဦး 

မက်ဆီဟာ တော့တင်ဟမ်ဟော့စပါးအသင်းကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ဥရောပချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ ယခုဂိုးမိုင်တိုင်ကို စိုက်ထူနိုင်ခဲ့တာဖြစ်ပြီး ယခုလအစောပိုင်းက ဗလင်စီယာအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ယခုပြက္ခဒိန်နှစ်အတွက် ၄၁ ဂိုးမြောက်သွင်းဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။

 

မက်ဆီရဲ့ ကာလရှည်ပြိုင်ဘက်ဖြစ်တဲ့ ဂျူဗင်တပ်အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုဟာ ယခုပြက္ခဒိန်နှစ်အတွင်း ကလပ်အသင်းနဲ့ လက်ရွေးစင်အသင်းအတွက် ၃၈ ဂိုးသွင်းယူထားပြီး ၉ ရာသီဆက်တိုက် သွင်းဂိုး ၄၀ မိုင်တိုင်ကို စိုက်ထူနိုင်ဖို့အတွက် နောက်ထပ် သွင်းဂိုး ၂ သာ လိုအပ်တော့တာဖြစ်ပါတယ်။

မက်ဆီထက် အသက်အားဖြင့် ၂ နှစ်ပိုမိုကြီးရင့်တဲ့ ခရစ်စတီယာနိုရော်နယ်ဒိုဟာ ရီးရဲမက်ဒရစ်အသင်းကို စတင်ရောက်ရှိတဲ့ ၂၀၀၉ ခုနှစ်မှာ သွင်းဂိုး ၄၀ ပြည့်မြောက်အောင် မသွင်းယူနိုင်ခဲ့ဘဲ သွင်းဂိုး ၃၀ သာသွင်းယူနိုင်ခဲ့တာကြောင့် မက်ဆီထက် ဂိုး ၄၀ ပြည့်မြောက်တဲ့ဂိုးမိုင်တိုင် ၁ ခု လျော့နည်းနေတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က