မကြာခဏဘာစီလိုနာကို သွားရောက်လည်ပတ်ခဲ့ပါတယ်။

ဘရာဇီးလ်လက်ရွေးစင်ကြယ်ပွင့်တိုက်စစ်မှူး နေမာဟာ ၂၀၁၇ ခုနှစ်က ဘာစီလိုနာအသင်းကနေ ပြင်သစ်လီဂူးဝမ်းအသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းကို အငြင်းပွားဖွယ် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဘာစီလိုုနာအသင်းကို ပြန်သွားဖို့အတွက် လမ်းပွင့်နေပြီလို့ သိရပါတယ်။

15373760184840.jpg 

ပီအက်စ်ဂျီအသင်းကို စတင်ပြောင်းရွှေ့ခဲ့တဲ့ ပြီးခဲ့တဲ့ရာသီအစကတည်းက ကြောက်မက်ဖွယ်ပုံစံကောင်းကို ပြသနိုင်ခဲ့တဲ့နေမာက ပြင်သစ်မှာ နေထိုင်ရတာ လုံးဝပျော်ရွှင်မှုမရှိဖြစ်နေတယ်လို့ သတင်းတွေက နောက်ထပ်တစ်ကြိမ် ဖော်ပြခဲ့ကြပါတယ်။

ချန်ပီယံလိဂ်ဖလားကို မကိုင်မြှောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမား ၅ ဦး 

El Mundo Deportivo ရဲ့ရေးသားချက်အရ အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နေမာဟာ လီယွန်နယ်မက်ဆီ၊ လူးဝစ္စဆွာရက်ဇ်တို့နဲ့ ကမ္ဘာ့အကောင်းဆုံး ၃ ယောက်တိုက်စစ်တွဲအဖြစ် ကစားခဲ့တဲ့ ဘာစီလိုနာအသင်းကို ပြန်သွားဖို့ အခွင့်အရေးရှိနေတယ်လို့ သိရပါတယ်။

 

နေမာဟာ ၂၀၁၇ ခုနှစ်တုန်းက နောက်ထပ်စိန်ခေါ်မှုအသစ်တွေကို ရှာဖွေဖို့ ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့လိုအပ်တယ်လို့ ယုံကြည်ခဲ့ပြီး အသင်းပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ နေမာဟာ ဘာစီလိုနာအသင်းဖော်ဟောင်းတွေကို တွေ့ဆုံဖို့အတွက် ဘာစီလိုနာမြို့ကို မကြာခဏအလည်အပတ်လာရောက်လေ့ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘာစီလိုအသင်းဟာ အစတုန်းက နူးကမ့်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တဲ့နေမာကို ဒေါသအကြီးအကျယ်ထွက်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ နေမာနဲ့ပတ်သက်ပြီး အမြင်မကြည်တာတွေ မရှိတော့ဘူးလို့ သိရပါတယ်။ ရီးရဲမက်ဒရစ်အသင်းဟာ နေမာကို ခေါ်ယူလိုတဲ့ဆန္ဒရှိနေဆဲဖြစ်တယ်လို့ ယုံကြည်ရပြီး နေမာရဲ့ပီအက်စ်ဂျီအသင်းဖော် ဘတ်ပီကိုလည်း ထိပ်တန်းပစ်မှတ်စာရင်းထဲမှာ ထည့်သွင်းထားပါတယ်။

Share

Loading Next Article...
က္က