ပြီးခဲ့တဲ့နှစ်က ဖြစ်ခဲ့တာပါ။

ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမား အာတူရိုဗီဒယ်ဟာ ပြီးခဲ့တဲ့နှစ်အတွင်းက နိုက်ကလပ်တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ရန်ပွဲမှာ ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တာကြောင့် ဒဏ်ငွေယူရိုရှစ်သိန်း ပေးဆောင်ဖို့ မြူးနစ်တရားရုံးက စီရင်ချက်ချခြင်းနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရ ဗီဒယ်ဟာ ထောင်ဒဏ် (၁၀)နှစ်အထိ ကျခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။



Photo : 90 min

 

ဒီရန်ပွဲမှာ ဗီဒယ်ဟာ အမျိုးသားတစ်ဦးကို ဗော့ဒ်ကာပုလင်းနဲ့ ခေါင်းကို ရိုက်ခဲ့တာလို့ သိရပါတယ်။ ဗီဒယ်အနေနဲ့ ထောင်ဒဏ်က ကင်းလွတ်ဖို့အတွက် ဒဏ်ကြေးငွေဆောင်ရမှာလည်း ဖြစ်ပါတယ်။ ဒီ ဒဏ်ကြေးငွေဟာ ဗီဒယ်အတွက်တော့ ရက်ပေါင်း (၈၀)စာနဲ့ လုပ်အားခနဲ့ ညီမျှတဲ့ ငွေကြေးဖြစ်ပါတယ်။ ဘာစီလိုနာမှာ ဗီဒယ်ဟာ တစ်ရက်ကို ယူရိုငွေ တစ်သောင်း ရရှိနေတာ ဖြစ်ပါတယ်။

Photo : 90 min

 

ချီလီကွင်းလယ်ကစားသမားဟာ ဒီနွေရာသီမှာ ဘိုင်ယန်မြူးနစ်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ကတ်တလန်ကလပ်နဲ့ (၃)နှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် လတ်တလေမှာ ဗီဒယ်အနေနဲ့ အသင်းမှာ ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်နေရပြီး စပါးနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲ ပွဲထွက်ခွင့်မရတဲ့အပေါ် ဗီဒယ်က စိတ်ဆိုးဒေါသထွက်နေခဲ့ပါတယ်။

Photo : 90 min

 

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်းမှာ မြူးနစ်မြို့က Munich's Crown ကလပ်မှာ ဖြစ်ပွားခဲ့တဲ့ ရန်ပွဲကို ဗီဒယ်နဲ့အတူ သူ့ရဲ့ ညီဖြစ်သူပါ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ဘိုင်ယန်မြူးနစ်က မိန့်ဇ်အသင်းကို လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲအပြီးမှာ ဗီဒယ်ဟာ နိုက်ကလပ်သွားရောက် အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

Photo : Fox Sports

 

ရန်ပွဲမှာ ပါဝင်ခဲ့တဲ့ ဗီဒယ်ရဲ့ ယောက္ခမဖြစ်သူဟာလည်း ဒဏ်ကြေး ယူရို သုံးသောင်းခွဲကျော် ပေးဆောင်ရမှာဖြစ်ပြီး ညီဖြစ်သူကလည်း ယူရိုငွေ တစ်သောင်းရှစ်ထောင်ကျော် ပေးဆောင်ရမယ်လို့ သိရပါတယ်။ ကလပ်အသင်းမှာ ပုံမှန်ကစားခွင့်မရခဲ့တဲ့အပေါ်မှာ ဒေါသထွက် ခဲ့ပြီးနောက် ဆိုရှယ်မီဒီယာပေါ်မှာ သူ့ရဲ့ စိတ်ခံစားချက်ကို ဖော်ပြခဲ့တဲ့ ဗီဒယ်ကိုလည်း ဘာကာအားကစားဒါရိုက်တာ ပက်ဆီဂူရာကလည်း စိတ်ဆိုးနေပြီး အသင်းရဲ့ ဓလေ့စရိုက်နဲ့ မကိုက်ညီတဲ့ အပြုအမူကို လုပ်ဆောင်ခဲ့တယ်လို့ ယူဆနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က