ခုံနဲ့ရိုက်ခဲ့တာပါ။

ရုရှားလက်ရွေးစင်ဘောလုံးသမားတွေဖြစ်ကြတဲ့ အလက်ဇန္ဒားကိုကိုရင်နဲ့ ပါဗယ်မာမာ့ဗ်တို့ဟာ လက်ရောက်မှုနဲ့ ကြမ်းတမ်းတဲ့အပြုအမူတို့အတွက် တရားစွဲဆိုခံခဲ့ရပြီး ယင်းကိစ္စဟာ နိုင်ငံအတွင်းမှာ အငြင်းပွားစရာအကောင်းဆုံးကိစ္စဖြစ်လာခဲ့ပါတယ်။

NINTCHDBPICT000440738004.jpg 

ဇင်းနစ်အသင်းရဲ့ကစားသမား ကိုကိုရင်နဲ့ ခရက်စ်နိုဒါရဲ့ကစားသမား မာမာ့ဗ်တို့ဟာ ကုန်သွယ်ရေးဝန်ကြီးဌာနအရာရှိတစ်ဦးကို ထိုင်ခုံနဲ့ တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာလ ၈ ရက်နေ့က အရာရှိရဲ့ကားမောင်းနှင်သူကိုလည်း ထိုးကြိတ်ခဲ့တယ်လို့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။

ကုန်သွယ်ရေးဝန်ကြီးဌာနအရာရှိဟာ ယင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်အပြီးမှာ ဆေးကုသမှုခံယူခဲ့ရပြီး ရုရှားလက်ရွေးစင်ကစားသမားတွေဖြစ်တဲ့ ကိုကိုရင်နဲ့ မာမာ့ဗ်တို့ဟာ လက်ရှိအချိန်မှာ ထောင်ဒဏ် ၇ နှစ်ကျခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။

 

ကိုကိုရင်ရဲ့အစ်ကိုနဲ့ အခြားအမျိုးသားတစ်ဦးလည်း ယင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး မော်စကိုမြို့မှာ ကြာသပတေးနေ့က တရားစွဲဆိုခံခဲ့ရပါတယ်။ အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ ကိုကိုရင်ဟာ ရုရှားလက်ရွေးစင်အသင်းအတွက် ၄၈ ပွဲပါဝင်ကစားပေးထားပြီး အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ မာမာ့ဗ်ကတော့ ၁၅ ပွဲပါဝင်ကစားပေးထားပါတယ်။

ရုရှားပရီးမီးယားလိဂ်ကလည်း ကစားသမား ၂ ဦးရဲ့တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စရိုက်ကျတဲ့အပြုအမူဖြစ်တယ်လို့ ဒေါသတကြီး ပြစ်တင်ရှုတ်ချခဲ့သလို သက်ဆိုင်ရာကလပ်အသီးသီးကလည်း တိုက်ခိုက်မှုဖြစ်စဉ်ကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က