တစ်ပွဲတည်း (၅)ဂိုး သွင်းခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ကစားခဲ့တဲ့ ဘွန်ဒက်လီဂါပွဲစဉ်မှာ ဖရန့်ဖတ်အသင်းက ဒက်ဆယ်ဒေါ့အသင်းကို (၇-၁)ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီနိုင်ပွဲဟာ ဒီနှစ် ဘွန်ဒက်လီဂါမှာ ဂိုးအပြတ်ဆုံးနိုင်ပွဲတွေထဲက တစ်ပွဲဖြစ်လာခဲ့ပြီး ဖရန့်ဖတ်အသင်းရဲ့ လူငယ်ကစားသမား လူကာဂျိုဗစ်က တစ်ဦးတည်း (၅)ဂိုး သွင်းယူပေးခဲ့ပါတယ်။

 

အသက် (၂၀)သာ ရှိသေးတဲ့ လူကာဂျိုဗစ်က ပထမပိုင်းမှာ (၂)ဂိုး၊ ဒုတိယပိုင်းမှာ (၃)ဂိုး သွင်းယူခဲ့ပြီး အသင်းကို ကြိးမားတဲ့ ဂိုးပြတ်နိုင်ပွဲ ရစေခဲ့ပါတယ်။ ဒီလို တစ်ပွဲတည်း (၅)ဂိုး သွင်းယူနိုင်ခဲ့လို့ လူကာဂျိုဗစ်ဟာ ဘွန်ဒက်လီဂါသမိုင်းမှာ အသက်အငယ်ဆုံး တစ်ပွဲတည်း (၅)ဂိုးသွင်းနိုင်ခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။

 

ဖရန့်ဖတ်အသင်းဟာလည်း အမှတ်ပေးဇယားရဲ့ အဆင့် (၆)နေရာကို ရောက်ရှိလာခဲ့ပြီး ထိပ်ဆုံးကအသင်းတွေနဲ့ အမှတ်ကွာဟမှုကို တစ်ပွဲကြိုကန်အပြီးမှာ လျှော့ချနိုင်ခဲ့ပါတယ်။ ဂျိုကာနိုဗစ် ရရှိခဲ့တဲ့ စံချိန် နောက်တစ်ခုကလည်း ရှိပါသေးတယ်။ အဲဒါကတော့ ဖရန့်ဖတ် အသင်းရဲ့ သမိုင်းတစ်လျှောက်မှာ တစ်ပွဲတည်း (၅)ဂိုး သွင်းနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

 

အသက် (၂၀) နဲ့ ရက်ပေါင်း (၃၀၀) သာ ရှိသေးတဲ့ ဆာဘီးယားလူငယ်ကစားသမားဟာ ဘင်ဖီကာအသင်းကနေ အငှားနဲ့ လာရောက် ကစားနေသူ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီကလည်း ဖရန့်ဖတ်အတွက် ပြိုင်ပွဲစုံ (၂၂)ပွဲ ကစားပေးပြီး (၉) ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီရာမှာလည်း သူက (၆)ပွဲကစားပေးအပြီးမှာတင် စုစုပေါင်းသွင်းဂိုး (၉)ဂိုး ပိုင်ဆိုင်ထားပြီး ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ဘောလုံးရာသီက သွင်းယူနိုင်ခဲ့တဲ့ သွင်းဂိုးအရေအတွက်ကို (၆)ပွဲ ကစားအပြီးမှာပဲ လူကာဂျိုဗစ်က လိုက်မီနိုင်ခဲ့သလို သမိုင်းဝင် စံချိန်မှတ်တမ်းကောင်းတွေကိုလည်း ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဂျိုကာနိုဗစ်ရဲ့ ခြေစွမ်း ဘယ်လောက်ထိ တိုးတက်လာဦးမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က