အင်တာတိုက်စစ်မှူး အီကာဒီနဲ့ အစားထိုးမှာပါ။

ချယ်လ်ဆီးနည်းပြ ဆာရီဟာ အသင်းရဲ့ ဂိုးသွင်းတာဝန်ကို ယူထားရတဲ့ တိုက်စစ်မှူး မိုရာတာဟာ ဒီတာဝန်ကို ကျေပွန်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ယုံကြည်နေပါတယ်။ ဒီအတွက် ဆာရီက စီးရီးအေက ထိပ်တန်ုးတိုက်စစ်မှူးတစ်ဦးကို လာမယ့် ဇန်နဝါရီမှာ အရခေါ်ယူဖို့အတွက် စဉ်းစားနေတယ်လို့ သိရပါတယ်။

Photo : 90 min

 

အင်တာမီလန်အသင်းရဲ့ တိုက်စစ်မှူး အီကာဒီကို ခေါ်ယူဖို့အတွက် ဆာရီက စိတ်ဝင်စားနေတာဖြစ်ပါတယ်။ ရီးရဲလ်ကနေ ချယ်လ်ဆီးကို ပြောင်းရွှေ့ခဲ့တဲ့ မိုရာတာအတွက် လန်ဒန်ကလပ်အသင်းဟာ မိုရာတာအတွက် စိန်ခေါ်မှုတွေ ပြည့်နှက်နေခဲ့ပါတယ်။ ပြောင်းရွှေ့လာခါစမှာ ချယ်လ်ဆီးအတွက် (၁၄)ပွဲကစားပြီး (၉)ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့် အဲဒီနောက်မှာ မိုရာတာရဲ့ ခြေစွမ်းက ပျောက်ဆုံးသွားခဲ့ပါတယ်။

ကြိုးစားမှုရဲ့ ရလာဒ် (သို့) လုခ်ရှော ပေးခဲ့တဲ့ သင်ခန်းစာ 

Photo : 90 min

 

The Sun သတင်းစာရဲ့ ဖော်ပြချက်အရ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အီကာဒီကို ခေါ်ယူပေးဖို့ ဆာရီက ဆန္ဒရှိနေပြီး အသင်းရဲ့ အဓိကကစားသမားဖြစ်သူ အီဒင်ဟာဇက်နဲ့ တိုက်စစ်အတွဲအဖက်အဖြစ် ဖန်တီးဖို့ ကြံစည်နေတာ ဖြစ်ပါတယ်။ အီကာဒီရဲ့ တန်ကြေးဟာ ပေါင် သန်း (၉၀)ခန့် ရှိမယ်လို့ ခန့်မှန်းရပြီး များပြားတဲ့ ငွေကြေးကို သုံးစွဲရမှာ ဖြစ်ပါတယ်။

Photo : 90 min

အသက် (၂၅)နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးဟာ အင်တာမီလန်အသင်းရဲ့ အဓိကတိုက်စစ်မှူးဖြစ်ပြီး အသင်းရဲ့ ပင်တိုင်ဂိုးသွင်းရှင်ဖြစ်တာမို့ သူ့ကို ခေါ်ယူနိုင်ဖို့အတွက် ချယ်လ်ဆီးအနေနဲ့ ခက်ခက်ခဲခဲ ကြိုးစားရဖွယ် ရှိပါတယ်။ စီးရီးအေ (၈)ပွဲ ကစားအပြီးမှာ အီကာဒီက အင်တာမီလန်အတွက် (၅)ဂိုး သွင်းယူပေးထားပြီး ဖြစ်ပါတယ်။

Photo : 90 min

 

ချယ်လ်ဆီးအသင်း တိုက်စစ်မှာ အိုလီဗာဂီရော့ဒ်လည်း ရှိနေပေမယ့် တိုက်စစ်ပိုင်း ပြသနာကို ဖြေရှင်းဖို့ လုံလောက်တဲ့ စွမ်းရည်မရှိဘူးလို့ ဆာရီက ယူဆနေခဲ့ပါတယ်။ နည်းပြကွန်တီလက်ထက်မှာ တိုက်စစ်မှူး ဒီယေဂိုကော်စတာ ထွက်ခွာသွားခဲ့ပြီးနောက် ချယ်လ်ဆီးအသင်းဟာ ဂိုးသွင်းနှုန်းမြင့်မားတဲ့ တိုက်စစ်မှူးတွေ မရှိတော့တဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။

Share

Loading Next Article...
က္က