သွင်းဂိုး ၄၀၀ ပြည့်မြောက်ခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုဟာ ယမန်နေ့က ဂျီနိုအာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ အဖွင့်ဂိုး သွင်းယူခဲ့ပြီးနောက် ဥရောပထိပ်သီးလိဂ် ၅ ခုမှာ ပထမဆုံး သွင်းဂိုး ၄၀၀ ပြည့်မြောက်တဲ့ ကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ ခရစ်စတီယာနိုရော်နယ်ဒိုဟာ ယခုရာသီမှာ ဂျူဗင်တပ်အသင်းအတွက် ၅ ဂိုးမြောက်သွင်းဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။



10_2.jpg

ဂျူဗင်တပ်အသင်းနဲ့ ဂျီနိုအာအသင်းတို့ရဲ့ပွဲစဉ် ပထမပိုင်းမှာ ခရစ်စတီယာနိုရော်နယ်ဒိုအတွက် အပိုင်ဂိုးသွင်းခွင့်တွေများစွာ ရရှိခဲ့ပေမယ့် ဂျီနိုအာအသင်းရဲ့ ဂိုးသမားက လက်စွမ်းပြကာကွယ်နိုင်ခဲ့တာကို တွေ့ရပါတယ်။

၁၈ မိနစ်မှာ ကန်ဆယ်လိုရဲ့ ဂိုးကန်သွင်းချက်ဟာ ဂျီနိုအာအသင်းရဲ့ နောက်ခံကစားသမားတွေနဲ့ ထိမိခဲ့ပြီး လမ်းကြောင်းပြောင်းသွားခဲ့ရာ လိုနတ်ရာဒူဖျက်ထုတ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် နေရာယူမှန်မှန်နဲ့ စောင့်ဆိုင်းနေတဲ့ ရော်နယ်ဒိုက အပိုင်ပိတ်သွင်းယူပြီး ဂျူဗင်တပ်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

 

ဂျူဗင်တပ်အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုဟာ ယခုရာသီမှာ စီးရီးအေသွင်းဂိုး ၅ ဂိုးမြောက်အဖြစ် သွင်းယူခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်၊ ရီးရဲမက်ဒရစ်အသင်းတို့တုန်းက သွင်းယူခဲ့တဲ့ များပြားတဲ့ဂိုးသွင်းစံချိန်တွေဟာ ရပ်တန့်ဦးမှာမဟုတ်ကြောင်း ပြသခဲ့တာဖြစ်ပါတယ်။

ဂျီနိုအာအသင်းဘက်ကို အဖွင့်ဂိုးသွင်းယူခဲ့တဲ့ ခရစ်စတီယာနိုရော်နယ်ဒိုဟာ လိဂ်သွင်းဂိုး စုစုပေါင်း ၄၀၀ ပြည့်မြောက်ခဲ့တာဖြစ်ပြီး ဥရောပထိပ်သီးလိဂ် ၅ ခုမှာ ပထမဆုံး သွင်းဂိုး ၄၀၀ ပြည့်မြောက်တဲ့ကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က