ဂိုးသမားရဲ့အမှားကနေ အဖွင့်ဂိုးပေးခဲ့ရတာပါ။

အာဆင်နယ်အသင်းရဲ့ဂန္တဝင်တိုက်စစ်မှူး သီယာရီအွန်နရီဟာ မိုနာကိုအသင်းကို နည်းပြအဖြစ် ပထမဆုံးစတင်ကိုင်တွယ်ခဲ့တဲ့ စထရက်စ်ဘော့ဂ်အသင်းနဲ့ပွဲစဉ်မှာ ဂိုးသမား ဆေဒိုဆီရဲ့ ဆိုးရွားတဲ့အမှားကြောင့် ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရပြီး စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရပါတယ်။

gettyimages-1052615732.jpg

အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သီယာရီအွန်နရီကို ပြီးခဲ့တဲ့အပတ်က နည်းပြသစ်အဖြစ် ခန့်အပ်တဲ့ပွဲစဉ်မှာ ပရိသတ်တွေက အကြီးအကျယ် ကြိုဆိုခဲ့ကြပေမယ့် စထရက်စ်ဘော့ဂ်အသင်းနဲ့ပွဲစဉ်မှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး တန်းဆင်းဇုန်ကနေ မလွတ်မြောက်နိုင်သေးဘဲ အဆင့် ၁၉ ကို ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။

 

သီယာရီအွန်နရီဟာ မိုနာကိုအသင်းကို ရာသီအစကတည်းက ၁ ပွဲသာ နိုင်ပွဲရယူပေးနိုင်ခဲ့တဲ့ နည်းပြ လီယိုနာဒိုဂျာဒင်ရဲ့နေရာမှာ အစားထိုးခန့်အပ်ခံခဲ့ရသူဖြစ်ပြီး မိုနာကိုအသင်းဟာ လက်ရှိအချိန်မှာ ပြိုင်ပွဲစုံ ၅ ပွဲဆက်တိုက် ရှုံးပွဲနဲ့ တွေ့ခဲ့တာဖြစ်ပါတယ်။

 

ပထမပိုင်း ၁၇ မိနစ်မှာ ကန်နီလာလာ ဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကို အေဒရီယန်သွန်မဆင်က ခေါင်းတိုက်ခဲ့ရာမှာ မိုနာအသင်းဂိုးသမား ဆေဒို ဆီက ဘောလုံးကို ဖမ်းရာမှာ လက်ချော်ပြီး ဂိုးထဲဝင်သွားတာကြောင့် စထရက်စ်ဘော့ဂ်အသင်းက အဖွင့်ဂိုး ရရှိသွားခဲ့တာဖြစ်ပါတယ်။ မိုနာကိုအသင်းဟာ ၆၆ မိနစ်မှာ ဆင်မြူရယ်ဂရန်းဆာ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီး စထရက်ဘော့စ်အသင်းကို ၁ ယောက်လျော့နဲ့ ကစားခဲ့ရတာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖလားကို မကိုင်မြှောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမား ၅ ဦး

၈၄ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ မိုသီဘာက လူကျွံထောင်ချောက်ကို အလွတ်ရုန်းပြီး ဂိုးသမားနဲ့ တစ်ဦးချင်း ကန်သွင်းယူပြီး စထရက်စ်ဘော့ဂ်အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ မိုနာကိုအသင်းဟာ ဒုတိယပိုင်းပွဲကစားချိန် ပြည့်မြောက်တဲ့ မိနစ် ၉၀ မှာ ပင်နယ်တီရရှိခဲ့ပြီး တီလီမန်းက အမှားအယွင်းမရှိ ကန်သွင်းယူနိုင်ခဲ့တာကြောင့် ချေပဂိုးရရှိခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က