လီဝန်ဒေါစကီးက ၂ ဂိုးသွင်းယူပေးခဲ့ပါတယ်။

ယမန်နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဝုဖ်ဘတ်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းက ၁ ယောက်ထုတ်ခံခဲ့ရပေမယ့် လီဝန်ဒေါစကီးရဲ့ ခြေစွမ်းပြသွင်းဂိုးတွေကြောင့် ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိပြီး ၄ ပွဲဆက်နိုင်ပွဲပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။



_103941197_lewa.jpg 

ဘိုင်ယန်မြူးနစ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၄ ပွဲမှာ ၂ ပွဲရှုံး ၂ ပွဲသရေရလဒ် ရရှိခဲ့ပြီး ဝုဖ်ဘတ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် အယ်ကာဆာရဲ့သွင်းဂိုးတွေနဲ့ စတုဂတ်အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ဒေါ့မွန်အသင်းရဲ့အနောက် ၄ မှတ်အကွာ တတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းထိပ်ပိုင်းတာဝန်ရှိသူတွေဖြစ်ကြတဲ့ ကားလ်ဟိန့်ဇ်ရွန်းမန်းနစ်နဲ့ အူလီဟိုးနက်စ်တို့က ဘိုင်ယန်မြူးနစ်အသင်းရဲ့နိုင်ပွဲပျောက်ဆုံးနေမှုအပေါ် ပြင်းပြင်းထန်ထန်ရေးသားခဲ့တာနဲ့ပတ်သက်ပြီး ဂျာမန်မီဒီယာတွေကို လေးစားမှုကင်းမဲ့ပြီး ရွံရှာစက်ဆုပ်ဖွယ်လို့ ပြစ်တင်ကျိန်းမောင်းခဲ့ပြီးနောက် နိုင်ပွဲပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။

 

ဘိုင်ယန်မြူးနစ်အသင်းအတွက် ပထမပိုင်း မိနစ် ၃၀ မှာ ဟန်းမဲလ်ရဲ့ပေးပို့မှုကနေတစ်ဆင့် လီဝန်ဒေါစကီးက အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ပထမပိုင်းမှာ အိမ်ရှင်ဝုဖ်ဘတ်ကို ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ၅၇ မိနစ်မှာ အာဂျန်ရော်ဘင် ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရပြီး ၆၃ မိနစ်မှာ အိမ်ရှင်ဝုဖ်ဘတ်အသင်းက ဝက်ဂ်ဟော့စ်ရဲ့သွင်းဂိုးကြောင့် ချေပဂိုး ပြန်လည်ရရှိခဲ့ပါတယ်။

တစ်ယောက်လျော့သွားတဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ကစားအားကျဆင်းမသွားတဲ့အပြင် ပြင်းပြင်းထန်ထန်တိုက်စစ်ဆင်ခဲ့ပြီး ၇၂ မိနစ်မှာ ဂျိမ်းစ်ရိုဒရီဂွက်က ဘိုင်ယန်မြူးနစ်အသင်းအတွက် အရေးပါတဲ့ အနိုင်ဂိုးကို လီဝန်ဒေါစကီးနဲ့ တွဲဖက်ပြီး သွင်းယူပေးခဲ့ပါတယ်။

"ဒီပွဲအပေါ်မှာ ဖိအားတွေအများကြီးရှိခဲ့ပါတယ်။ ထိပ်တန်းစွမ်းဆောင်ရည်ကို ပြသခဲ့တဲ့ ကျွန်တော့်ရဲ့အသင်းသားတွေကို ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်"

"အရမ်းကို တည်ငြိမ်တဲ့စွမ်းဆောင်ရည်ကို ပြသခဲ့တာပါ။ ဘိုင်ယန်မြူးနစ်အသင်းဟာ ပြန်လည်တိုက်ခိုက်နိုင်တယ်ဆိုတာ ပြသခဲ့တဲ့ ပထမဆုံးခြေလှမ်းပါ"လို့ နည်းပြ နီကိုကိုဗတ်က ဝုဖ်ဘတ်ကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က