မနေ့ကလည်း (၂)ဂိုး ထပ်သွင်းခဲ့ပါတယ်။

ဒီစီယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး ဝိန်းရွန်နီဟာ မနေ့က ကစားခဲ့တဲ့ နယူးယော့ခ်စီးတီးနဲ့ပွဲမှာ အသင်းအတွက် (၂)ဂိုး သွင်းယူပေးပြီး ဒီစီယူနိုက်တက်အသင်းကို မေဂျာလိဂ်ဖလားရဲ့ ရှုံးထွက်အဆင့်ကို ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ နောက်ပိုင်းပွဲစဉ် တွေမှာ ဒီစီယူနိုက်တက် အတွက် ရွန်နီက ဆက်တိုက်ခြေစွမ်းပြနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ပွဲမှာလည်း ရွန်နီက လှပတဲ့ ဖရီးကစ်သွင်းဂိုးကို ရယူနိုင်ခဲ့ပါသေးတယ်။

Photo: Pro Soccer USA

 

ဇူလိုင်လအတွင်းမှာ အဲဗာတန်ကနေ ဒီစီယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့တဲ့ ရွန်နီဟာ အသင်းအတွက် စုစုပေါင်း (၁၂)ဂိုးအထိ သွင်းယူ ပေးခဲ့ပြီး ဒီစီယူနိုက်တက်ရဲ့ ပင်တိုင်ဂိုးသွင်းရှင် ဖြစ်လာခဲ့ပါတယ်။ ရွန်နီဟာ ဒီစီယူနိုက်တက်အတွက် (၁၉)ပွဲသာ ကစားပေးပြီးချိန်မှာ (၁၂)ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အသင်းကလည်း (၁၂)ပွဲအထိ နိုင်ပွဲရခဲ့တယ်လို့ သိရပါတယ်။

Photo : MSN.com

 

ရွန်နီဟာ နောက်ဆုံး (၅)ပွဲမှာ (၇)ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အဲဒီ (၇)ပွဲထဲမှာ တစ်ပွဲကို (၂)ဂိုးနှုန်း သွင်းယူခဲ့တဲ့ ပွဲက (၃)ပွဲအထိ ပါဝင်ခဲ့ ပါတယ်။ ဒီစီယူနိုက်တက်အတွက် ဝိန်းရွန်နီကို ရရှိလိုက်တာဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားကောင်းတစ်ယောက်ကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး ရွန်နီရဲ့ ခြေစွမ်းတွေကြောင့်ပဲ မေဂျာလိဂ်မှာ အခြေအနေကောင်းသွားခဲ့ပါတယ်။

Photo : Ronaldo.com

 

နယူးယော့ခ်စီးတီးနဲ့ပွဲမှာတော့ ရွန်နီက ပွဲအစ (၈)မိနစ်မှာ တစ်ဂိုးသွင်းယူပေးခဲ့ပြီးနောက် လူစီယာနိုအေကော်စတာက (၂၄)မိနစ်မှာ နောက်ထပ်တစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။ (၇၄)မိနစ်မှာ ရွန်နီက ပယ်နယ်တီကတဆင့် တတိယဂိုးသွင်းယူခဲ့ပြီး နယူးယော့ခ်အတွက် ချေပဂိုးကို (၇၈)မိနစ်မှာ ဒေးဗစ်ဗီလာက ပြန်လည်သွင်းယူပေးခဲ့ပါတယ်။

Photo : ESPN

 

မေဂျာလိဂ်ရ နောက်ဆုံးပွဲစဉ်အဖြစ် ဒီစီယူနိုက်တက်အသင်းဟာ (၂၉)ရက်နေ့မှာ ချီကာဂိုအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ရွန်နီအနေနဲ့ ဂိုးသွင်းခြေစွမ်း ဆက်လက်ပြနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က