၂၀၀၇ မှာ ကစားခဲ့တဲ့ ပွဲတုန်းက ရီးရဲက တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရထားပါတယ်။

လာမယ့် အောက်တိုဘာ ၂၈ ရက်နေ့မှာ ကစားမှာ ဖြစ်ပြီး ရော်နယ်ဒိုမရှိတောာ့တဲ့ ရီးရဲနဲ့ မက်ဆီမပါနိုင်မယ့် ဘာစီလိုနာ အသင်းတို့ရဲ့ တိုက်ပွဲကို ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။



Photo - Getty Images

 

လာလီဂါရဲ့ အပြင်းထန်ဆုံး တိုက်ပွဲလို့ ပြောလို့ရတဲ့ အယ်ကလက်စီကို တိုက်ပွဲကတော့ လာမယ့် အောက်တိုဘာလ ၂၈ ရက်နေ့ တနင်္ဂနွေနေ့မှာ ကစားပါတော့မယ်။

မဟုတ်တဲ့နေရာမှာ စံချိန်သစ်တင်နေတဲ့ ရီးရဲမက်ဒရစ် 

ဒီပွဲကတော့ ဘောလုံးပရိသတ်အားလုံး သိကြတဲ့အတိုင်း ဘာစီလိုနာအသင်းနဲ့ ရီးရဲအသင်းတို့ရဲ့ တိုက်ပွဲပဲ ဖြစ်ပြီး ဘာစီလိုနာအသင်းရဲ့ နူးကမ့် ကွင်းကြီးထဲမှာ ကစားမှာပါ။

Photo - Getty Images

 

ဒီတစ်ကြိမ်ကတော့ နှစ်စဉ်ပုံမှန်တွေ့ဆုံနေကြတာတွေထက် အနည်းငယ် ကွဲပြားတဲ့ အနှစ်အရသာကို ပေးစွမ်းဦးမှာ ဖြစ်ပြီး အကြောင်းကတော့ နှစ်ဖက်အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်ကြတဲ့ ရော်နယ်ဒိုနဲ့မက်ဆီတို့ မပါပဲ ကစားတော့မှာ ဖြစ်ပါတယ်။

ရီးရဲ တိုက်စစ်မှူး ရော်နယ်ဒိုကတော့ ၂၀၀၉ ခုနှစ်က အသင်းကို စတင်ရောက်ရှိလာခဲ့ပြီး ဒီနှစ်မှာ စီးရီးအေ ကလပ် ဂျူဗင်တပ်အသင်းကို ပြောင်း ရွှေ့သွားခဲ့ပြီဖြစ်လို့ ရီးရဲအသင်းနဲ့ ပတ်သက်တော့ခြင်းမရှိပါဘူး။

Photo - Getty Images

 

အလားတူ တစ်ဖက် ဘာစီလိုနာအသင်းမှာတော့ အဓိက ကစားသမား မက်ဆီက အသင်းနဲ့ အတူရှိနေပေမယ့်လည်း ဒီတစ်ပတ် ဆီဗီလာနဲ့ပွဲမှာ ရရှိခဲ့တဲ့ လက်မောင်းရိုးကျိုးဒဏ်ရာကြောင့် လာမယ့် အယ်ကလက်စီကိုပွဲကို ဘယ်လိုမှ ကစားဖို့ မဖြစ်နိုင်တော့ပါဘူး။

ဒါကြောင့် အခုလာမယ့် အယ်ကလက်စီကိုပွဲကိုတော့ လွန်ခဲ့တဲ့ ၁၁ နှစ်ကျော်က ကစားခဲ့တဲ့ အယ်ကလက်စီကိုပွဲကို ပြန်မြင်ယောင်စေမိပါတယ်။ ၂၀၀၇ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ကစားခဲ့တဲ့ အယ်ကလက်စီကို ပွဲစဉ်မှာလည်း ရော်နယ်ဒို ရီးရဲမရောက်သေးသလို မက်ဆီလည်း ဘာစီနဲ့ ပွဲ ထွက်ခွင့် မရသေးပါဘူး။

Photo - Getty Images

 

အဲ့ဒီတုန်းက ရော်နယ်ဒိုလည်းမရှိ မက်ဆီလည်း မပါတဲ့ အယ်ကလက်စီကိုပွဲကို နောက်ဆုံးကြည့်ခဲ့ရတာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ အယ်က လက်စီကိုပွဲတိုင်းမှာ နှစ်ဦးစလုံးပါရင်ပါ မပါရင် တစ်ယောက်ယောက်ကတော့ အမြဲတမ်း ပါနိုင်စမြဲပါ။

အခုလိုမျိုး နှစ်ဦးစလုံးမပါပဲ ကစားရတော့မယ့် အယ်ကလက်စီကိုပွဲကတော့ အဲ့ဒီ ၂၀၀၇ ဒီဇင်ဘာ ၂၃ ရက်နေ့ပွဲပြီးရင် ပထမဆုံး ပြန်လည်မြင် တွေ့ရတော့မယ့် ပွဲဖြစ်လာခဲ့ပါပြီ။

 

ထူးခြားတဲ့ တိုက်ဆိုင်မှုတစ်ခုကလည်း ရှိနေပြန်ပါတယ်။ အဲ့လို ရော်နယ်ဒိုနဲ့ မက်ဆီ မပါပဲ နောက်ဆုံးကစားထားခဲ့တဲ့ နူးကမ့်မြေက အယ်က လက်စီကို တိုက်ပွဲမှာ ဧည့်သည် ရီးရဲက တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားတာ ဖြစ်ပါတယ်။

အဲ့ဒီတုန်းက ရီးရဲအတွက် အနိုင်ဂိုးကို ပွဲချိန် ၃၅ မိနစ်မှာ နစ္စတယ်ရွိုင်းရဲ့ ဖန်တီးပေးမှုကနေတဆင့် ကွင်းလယ်လူ ဘာတစ္စတာက သွင်းယူပေးခဲ့ တာဖြစ်ပါတယ်။

 

အခုတစ်ကြိမ်မှာလည်း မက်ဆီနဲ့ရော်နယ်ဒို နှစ်ဦးစလုံးကို မြင်တွေ့ရတော့မှာ မဟုတ်ပဲ တစ်ခုရှိတာက အဲ့တုန်းက ရီးရဲအသင်းအနေနဲ့ အနိုင်ရခဲ့ လို့ ရမှတ် ၇ မှတ်ထိ ဒုတိယနေရာက အသင်းကို ဖြတ်ပြီး ထိပ်ဆုံးက ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒီတစ်ကြိမ်မှာတော့ ရီးရဲက အဆင့် ၇ နေရာမှာ ရမှတ် ၁၄ မှတ်နဲ့ ရပ်တည်နေတာ ဖြစ်ပြီး ဘာစီလိုနာအသင်းက ရမှတ် ၁၈ မှတ်နဲ့ အဆင့် ၁ နေရာမှာ ပြန်လည်ဦးဆောင်နေတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က