ဒေါ့မွန်က အယ်လ်ကာဆာကို အပြီးသတ်ခေါ်တော့မှာပါ။

ဒေါ့မွန်အသင်းဟာ ဘာစီလိုနာက အငှားနဲ့ခေါ်ယူထားခဲ့တဲ့ စပိန်တိုက်စစ်မှူး ပါကိုအယ်လ်ကာဆာကို အပြီးသတ်ခေါ်ယူဖို့ ဆန္ဒရှိနေပြီ ဖြစ်ပါတယ်။ အသက် (၂၅)နှစ်အရွယ် တိုက်စစ်မှူးဟာ ဒေ့ါမွန်ကို ရာသီအစက တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး အယ်လ်ကာဆာအတွက် ဒေါ့မွန်က ပေါင် (၂)သန်း ပေးချေခဲ့ရပါတယ်။



Photo : ExtraTips.com

 

ဘာစီလိုနာမှာ ပုံမှန်နေရာ မရရှိခဲ့လို့ အသင်းပြောင်းရွှေ့ခဲ့တဲ့ အယ်လ်ကာဆာဟာ ဒေါ့မွန်အတွက် (၅)ပွဲကစားပေးအပြီးမှာ (၈)ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒေါ့မွန်အတွက် ခြေစွမ်းပြနေခဲ့တဲ့ အယ်လ်ကာဆာကို စပိန်အသင်းနည်းပြ အင်းနရစ်က စပိန်လက်ရွေးစင် အသင်းအတွက် ရွေးချယ်ခဲ့ရာမှာ အယ်လ်ကာဆာက ဝေးလ်၊ အင်္ဂလန်တို့နဲ့ ကစားခဲ့တဲ့ပွဲမှာ တစ်ဂိုးစီ ထပ်မံသွင်းယူပေးခဲ့ပါတယ်။

မေဂျာလိဂ်မှာ ရွန်နီကို ရပ်တန့်နိုင်မယ့်သူ မရှိသေးဘူးလား? 

Photo : WA.de

 

အယ်လ်ကာဆာရဲ့ စွမ်းဆောင်ရည် မြင့်မားနေမှုကို ဒေါ့မွန်က အထင်ကြီးလေးစားနေခဲ့ပြီးနောက်မှာ အပြီးသတ်စာချုပ်ချုပ်ဆိုဖို့ ဆန္ဒရှိလာတာ ဖြစ်ပါတယ်။ ဘာစီလိုနာ နဲ့ ဒေါ့မွန်တို့ကြားမှာ ဒီကစားသမားကို ပေါင် (၂၃)သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်ခွင့် သဘောတူညီမှု ပါရှိခဲ့တာ ဖြစ်ပြီး ဒေါ့မွန်က အမြန်ဆုံးခေါ်ယူချင်နေတာ ဖြစ်ပါတယ်။

Photo : ESPN

 

ဘာစီလိုနာအသင်းရဲ့ အမှုဆောင်အရာရှိ အော်စကာက ဒေါ့မွန်အနေနဲ့ အယ်လ်ကာဆာကို အပြီးသတ်ခေါ်ယူဖို့ အမြန်ဆုံး ဆောင်ရွက်ချင်နေ တယ်လို့ စနေနေ့က ပြောကြားခဲ့ကြောင်း ESPN က ဖော်ပြသွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းရဲ့ နှစ်ပတ်လည်အစည်းအဝေးပွဲကို စနေနေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး အစည်းအဝေးမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Photo : PressFrom

 

ဒီအစည်းအဝေးမှာတော့ ဘာစီလိုနာပရိသတ်တစ်ထောင်ခန့်ဟာ အယ်လ်ကာဆာအပေါ် ကိုင်တွယ်ခဲ့တဲ့ အသင်းရဲ့ လုပ်ရပ်အပေါ် ဝေဖန်ရှုတ်ချခဲ့ကြပြီး အော်ဟစ်လှောင်ပြောင်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် အယ်လ်ကာဆာရဲ့ နာမည်ကို သံပြိုင်အော်ဟစ် အားပေးခဲ့ကြပြီး ဂုဏ်ပြုခဲ့ကြတယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က