ဇန်နဝါရီလမှာ ခေါ်ယူသွားမယ်လို့ သိရပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ လစ်လပ်သွားတဲ့ ခရစ်စတီယာနိုရော်နယ်ဒိုရဲ့နေရာမှာ အယ်လ်အေဂလက်ဆီအသင်းအတွက် ဂိုးတွေဆက်တိုက်သွင်းယူပေးနေတဲ့ ဇလာတန်အီဘရာဟီမိုဗစ်ကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ စပိန်ကသတင်းတွေအရ သိရပါတယ်။



 

ရီးရဲမက်ဒရစ်အသင်းဟာ ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒို ထွက်ခွာသွားချိန်ကတည်းက ယနေ့အထိ အနိုင်ရရှိဖို့ထက် ဂိုးသွင်းဖို့ကိုတောင် မနည်းရုန်းကန်နေရတာဖြစ်ပြီး ၅ ပွဲဆက်တိုက်ရှုံးပွဲနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖလားကို မကိုင်မြှောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမား ၅ ဦး 

ပြီးခဲ့တဲ့စနေနေ့က လီဗန်တေးအသင်းကို အိမ်ကွင်းဘာနေဗျူးမှာ ထပ်မံရှုံးနိမ့်ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက်မှာ ၄၈၁ မိနစ်အထိ စံချိန်တင် ဂိုးပေါက်ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။ Cadena COPE ရဲ့သတင်းအရ ရီးရဲမက်ဒရစ်အသင်းဟာ အမေရိကန်မေဂျာလိဂ်ရာသီ ခေတ္တရပ်နားထားချိန်မှာ အီဘရာဟီမိုဗစ်ကို ကာလတိုအငှားစာချုပ်နဲ့ ခေါ်ယူဖို့ ဖြစ်နိုင်ဖွယ်အခြေအနေတွေကို ရှာဖွေနေတယ်လို့ သိရပါတယ်။

 

ဆွီဒင်ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ဟာ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝနေပြီး အယ်လ်အေဂလက်ဆီအသင်းအတွက် ယခုရာသီမှာ သွင်းဂိုး ၂၀ ကျော် သွင်းယူပေးထားတဲ့ကစားသမားဖြစ်ပါတယ်။ အီဘရာဟီမိုဗစ်ကို အသင်းဟောင်းတွေဖြစ်တဲ့ မန်ယူ၊ အေစီမီလန်အသင်းတို့ကလည်း ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အငှားစာချုပ်နဲ့ ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

"ကျွန်တော်ဟာ အလုပ်နဲ့ အနားယူမှုကြားထဲမှာ ဟန်ချက်ညီဖို့ လိုအပ်နေတဲ့အခြေအနေမှာ ရောက်နေတယ်လို့ ထင်ပါတယ်"

"ဘာလို့လဲဆိုတော့ ကျွန်တော် ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့တာပါ။ ကျွန်တော့်ရဲ့အသက်အရွယ်နဲ့ လေ့ကျင့်ရေးအတွင်းမှာ ကျွန်တော် ထမ်းပိုးခဲ့တဲ့ ဝန်တွေကြောင့်ပါ"

"အဲဒီကိစ္စက ကျွန်တော် စဉ်းစားနေတဲ့အကြောင်းအရာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ကစားဖို့ ၂ ပွဲကျန်သေးပြီး Play-offs ကို ရောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်"

"အဲဒါထက်ပိုပြီး ကျွန်တော် ဘာပြောရမှန်း မသိတော့ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီကိစ္စအပေါ်မှာ ကျွန်တော် အာရုံမစိုက်ထားလု့ိပါ။ အဲဒီအပေါ်မှာ ကျွန်တော်တွေးခဲ့တာ ဘာမှမရှိပါဘူး"လို့ အီဘရာဟီမိုဗစ်က ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က