ဇန်နဝါရီမှာ အသင်းပြောင်းချင်နေတာပါ။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဘယ်အစွန်နောက်ခံလူ မာဆယ်လိုဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ အီတလီသတင်းစာ Tuttosport ရဲ့ ဖော်ပြချက်အရ ရာသီအကုန်ထိတိုင်အောင် မာဆယ်လိုက စောင့်ဖို့ ဆန္ဒမရှိပဲ ရာသီဝက်ကာလမှာတင် အသင်းက ထွက်ခွာချင်နေတာဖြစ်တယ်လို့ သိရပါတယ်။



Photo : AS

 

မာဆယ်လိုက ဂျူဗင်တပ်စ်အသင်းကလည်း သူ့ကို ခေါ်ယူချင်နေတယ်လို့ ယုံကြည်နေပြီး သူ ကိုယ်တိုင်လည်း ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။ ဒီအတွက် အကြောင်းပြချက်တစ်ခုကတော့ ရီးရဲလ်မက်ဒရစ်မှာ သူနဲ့ အရင်းနှီးဆုံးသူငယ်ချင်း ဖြစ်ခဲ့တဲ့ ရော်နယ်ဒိုနဲ့ ပြန်လည်တွဲဖက်ကစားချင်တာလို့လည်း အဆိုပါသတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

မေဂျာလိဂ်မှာ ရွန်နီကို ရပ်တန့်နိုင်မယ့်သူ မရှိသေးဘူးလား? 

Photo : AS

 

ရော်နယ်ဒို ထွက်ခွာသွားခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်ရဲ့ အခြေအနေက တော်တော်လေးဆိုးဝါးနေခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ (၅)ပွဲမှာ (၄)ပွဲအထိ ရီးရဲလ်က ရှုံးနိမ့်ခဲ့ပြီး လီဗန်တေးအသင်းနဲ့ပွဲမှာလည်း အသင်းက ဂိုးပေါက်ပြန်တွေ့ခဲ့ပေမယ့် ဂိုးသွင်းပေးခဲ့သူက နောက်ခံလူ မာဆယ်လို ဖြစ်နေခဲ့ပါတယ်။

Photo : AS

လာလီဂါ အမှတ်ပေးဇယားမှာ ရီးရဲလ်မက်ဒရစ်ဟာ အဆင့် (၆)အထိ ရောက်ရှိသွားခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း ရှုံးပွဲတစ်ပွဲ ကြုံတွေ့ထားပြီး ဖြစ်ပါတယ်။ အသင်းနည်းပြရာထူးကလည်း မတည်မငြိမ်ဖြစ်နေပြီး ချယ်လ်ဆီးနည်းပြဟောင်း ကွန်တီကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ရီးရဲလ်က ကြိုးစားနေတယ်လို့လည်း သတင်းများ ထွက်ပေါ်နေခဲ့ပါတယ်။

Photo : AS

 

ဒီအခြေအနေမှာ အသင်းရဲ့ အဓိကကစားသမားတစ်ယောက်ဖြစ်တဲ့ မာဆယ်လိုပါ ထွက်ခွာသွားမယ့် အဖြစ်ကိုတော့ ရီးရဲလ် ရင်ဆိုင်ချင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကစားသမားကိုယ်တိုင်က အသင်းက ထွက်ခွာဖို့ စိတ်အားထက်သန်နေတာကြောင့် တားဆီးဖို့ မလွယ်တဲ့ အနေအထားပါ။ ဂျူဗင်တပ်စ်မှာ တကယ်ပဲ မာဆယ်လို နဲ့ ရော်နယ်ဒိုတို့ ပြန်လည်ပူးပေါင်းခွင့် ရဦးမလားဆိုတာကတော့ ဇန်နဝါရီဆိုရင် အဖြေပေါ်တော့မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က