နောက်ကျအနိုင်ဂိုးသွင်းယူပေးခဲ့တာပါ။

ယမန်နေ့ည(မြန်မာစံတော်ချိန် ယနေ့နံနက် ၁ နာရီ)က ဆန်စီရိုကွင်းထဲမှာ မီလန်ဒါဘီပွဲစဉ်အဖြစ် အင်တာမီလန်အသင်းနဲ့ အေစီမီလန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ အင်တာမီလန်အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ အင်တာမီလန်အသင်းအတွက် အရေးပါတဲ့အနိုင်ဂိုးကို တိုက်စစ်မှူး အီကာဒီက ၉၂ မိနစ်မှာ ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

wire-5264400-1540161703-139_634x380.jpg


အင်တာမီလန်အသင်းနဲ့ အေစီမီလန်အသင်းတို့ဟာ ၂၂၂ ကြိမ်မြောက် မီလန်ဒါဘီပွဲစဉ်အဖြစ် တွေ့ဆုံယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး ပွဲကစားချိန် မိနစ် ၉၀ ပြည့်မြောက်တဲ့အချိန်အထိ တစ်ဖက်နဲ့တစ်ဖက် ဂိုးမရှိသရေရလဒ်သာ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ အင်တာမီလန်အသင်းဟာ ပထမပိုင်း မိနစ် ၃၀ မှာ လူးကပ်စ်ဘစ်ဂလီယာရဲ့ဖျက်ထုတ်ပုံကြမ်းတမ်းမှုကြောင့် အသင်းရဲ့ကွင်းလယ်ကြယ်ပွင့် နိုင်ဂိုလန်ကို ဆုံးရှုံးခဲ့ရပါတယ်။

ချန်ပီယံလိဂ်ဖလားကို မကိုင်မြှောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမား ၅ ဦး 

အင်တာမီလန်အသင်းဟာ အီကာဒီရဲ့သွင်းဂိုးကြောင့် အနိုင်မရရှိမီမှာ စတီဖန်ဒီဘရားရဲ့ကန်သွင်းချက် တိုင်ထိထွက်ခဲ့တာဟာ ဂိုးရရှိမယ့်အခွင့်အရေးနဲ့ အနီးစပ်ဆုံးဖြစ်ခဲ့တာဖြစ်ပါတယ်။ အီကာဒီဟာ အင်တာမီလန်အသင်းအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့ပေမယ့် အေစီမီလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်တစ်လျှောက်လုံး ဘောလုံးကို ၁၅ ကြိမ်သာ ထိခဲ့တာဖြစ်ပါတယ်။

 

အေစီမီလန်အသင်းအတွက် မက်တီအိုမူဆက်ချီအို သွင်းယူပေးခဲ့တဲ့ ၂ ဂိုးစလုံးကို ကွင်းလယ်ဒိုင်က လူကျွံဘောအဖြစ် သတ်မှတ်ပေးခဲ့ပြီး အင်တာမီလန်အသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးက ဂျူဗင်တပ်အသင်းနဲ့ ၆ မှတ်အကွာ အဆင့် ၃ နေရာကို တက်လှမ်းနိုင်ခဲ့ပြီး အေစီမီလန်အသင်းကတော့ အဆင့် ၁၂ နေရာမှာသာ ဆက်လက်ရပ်တည်ခဲ့ပါတယ်။

အီကာဒီဟာ ဒုတိယပိုင်း ပွဲကစားချိန်ပြည့်မြောက်လို့ နာကျင်အချိန်ပို ၉၂ မိနစ်မှာ ဗီစီနိုရဲ့ ဖြတ်တင်ပေးပို့မှုကို နေရာယူမှန်မှန်နဲ့ အပိုင်ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အီကာဒီဟာ ဂိုးသွင်းယူအပြီးမှာ ၎င်းရဲ့ဇနီးသည်နဲ့ သမီးဖြစ်သူတို့ဆီ သွားရောက်ပွေ့ဖက်အောင်ပွဲခံခဲ့ပြီး ဆန်စီရိုက မီလန်ဒါဘီညကို လှပစွာအဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က