ဘစ်ဂလီယာနဲ့ ဘောလုံးယှဉ်အလုမှာ ဒဏ်ရာရရှိခဲ့တာပါ။

အင်တာမီလန်အသင်းရဲ့ကြယ်ပွင့်ကွင်းလယ်ကစားသမား နိုင်ဂိုလန်ဟာ ယမန်နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ မီလန်ဒါဘီပွဲစဉ် ပထမပိုင်း မိနစ် ၃၀ မှာ ဒဏ်ရာကြောင့် လူစားလဲလှယ်ခဲ့ရပြီး အေစီမီလန်အသင်းရဲ့ကွင်းလယ်ကစားသမား ဘစ်ဂလီယာက နိုင်ဂိုလန်ကို ပြစ်ဒဏ်မကျူးလွန်ခဲ့ဘူးလို့ ငြင်းပယ်ခဲ့ပါတယ်။

64725e02-71c7-4a8b-a29c-2884d41af3b0.jpg

အေစီမီလန်အသင်းရဲ့ကွင်းလယ်ကစားသမား လူးကပ်စ်ဘစ်ဂလီယာဟာ မီလန်ဒါဘီပွဲစဉ်မှာ ၎င်းနဲ့ နိုင်ဂိုလန်တို့အကြားမှာ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ကို VAR စနစ်ကို အသုံးပြုပြီး ပြန်လည်ကြည့်ရှုစစ်ဆေးခြင်းမပြုလုပ်ခဲ့တဲ့အတွက် အံ့အားသင့်ခဲ့ပါတယ်။ ဘစ်ဂလီယာဟာ ပထမပိုင်းမှာ နိုင်ဂိုလန်ကို ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်ရဲ့ အဝါကတ်ပြ သတိပေးခြင်းခံခဲ့ရတာဖြစ်ပါတယ်။

 

ဒါပေမယ့် ရုပ်သံဗီဒီယိုကို ပြန်လည်ကြည့်ရှုရာမှာတော့ နိုင်ဂိုလန်ဟာ ဘစ်ဂလီယာရဲ့ခြေထောက်ကို တက်နင်းခဲ့တာကို မြင်တွေ့ခဲ့ရပြီး အဝါကတ်ပြသခံခဲ့ရတဲ့သူဟာ ဘစ်ဂလီယာဖြစ်ခဲ့တာက နိုင်ဂိုလန်အတွက် ကံကောင်းသွားခဲ့တာလို့ ဆိုရမှာဖြစ်ပါတယ်။ နိုင်ဂိုလန်ဟာ ယင်းဖြစ်ရပ်အပြီး မကြာမီမှာပဲ နည်းပြစပယ်လက်တီက ဘော်ဂျာဗလယ်ရိုနဲ့ လူစားလဲလှယ်ခံခဲ့ရပါတယ်။

 

နိုင်ဂိုလန်ဟာ မီလန်ဒါဘီပွဲစဉ်မှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် လာမယ့်ဗုဒ္ဓဟူးနေ့မှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဘာစီလိုုနာအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်ကို ပါဝင်ကစားပေးနိုင်ဖို့ မရေမရာဖြစ်နေတယ်လို့ သိရပါတယ်။ အေစီမီလန်ကွင်းလယ်ကစားသမား ဘစ်ဂလီယာကတော့ ယင်းဖြစ်စဉ်မှာ ၎င်းအနေနဲ့ ပြစ်ဒဏ်ကျူးလွန်ခဲ့ခြင်းမရှိကြောင်းနဲ့ VAR စနစ်နဲ့ ပြန်လည်စစ်ဆေးဖို့ ပြောကြားခဲ့ပါတယ်။

"ကျွန်တော် နိုင်ဂိုလန်ကို ဘာတစ်ခုမှ မလုပ်ခဲ့ပါဘူး။ ဒါက ပြိုင်ပွဲတစ်ခုပဲလေ။ အဲဒီလိုမျိုးကတော့ ဖြစ်ပျက်နိုင်တာပဲ"

"ကျွန်တော် သူ ဘောလုံးပေးပို့မှာကို လှမ်းတားလိုက်ရုံပါ။ အဲဒီဖြစ်စဉ်အပြီးမှာ ကျွန်တော့်ရဲ့ ခြေချင်းဝတ်နဲ့ ဒူးတွေလည်း ကောင်းမွန်တဲ့ပုံစံမရှိတော့ဘူးဆိုတာ သူတို့ကို ပြသခဲ့ပါသေးတယ်"

"အဲဒါကို ဆုံးဖြတ်ခွင့်က ကျွန်တော့်ဟာမဟုတ်ပါဘူး။ အဲဒါက ကွင်းလယ်ဒိုင်ရဲ့ဟာပါ။ VAR ကလည်း ပိုမိုနီးကပ်တဲ့အာရုံစူးစိုက်မှုမျိုးပေးသင့်တာလည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ အဲဒီကိစ္စကို သူတို့ကြည့်ရှုဖို့ ကျွန်တော် မျှော်မှန်းခဲ့ပါတယ်"

"အဲဒီကိစ္စပြီးတော့ နိုင်ဂိုလန်ကို ကျွန်တော် စကားသွားပြောခဲ့တယ်။ အဲဒါက ဆိုးရွားတဲ့ဖျက်ထုတ်မှုမျိုး လုံးဝမဟုတ်ဘူးဆိုတာကိုပေါ့။ သူက ကျွန်တော့်ကို သူ့ခြေချင်းဝတ် ရောင်နေပြီလို့ ပြောခဲ့ပါတယ်။ အဲဒါနဲ့ ကျွန်တော်က အဲဒါက ကျွန်တော့်အတွက် နောက်ထပ် မိနစ် ၇၀ လောက်အထိကစားဖို့ လွယ်ကူတဲ့အရာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ အထူးသဖြင့် အဝါကတ်ပြသခံထားရပြီးပေါ့"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က