ငွေကြေးသုံးစွဲဖို့ လိုအပ်တယ်လို့ ပြောခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ပေါ်လိုဒီဘာလာရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ မန်ချက်စတာယူနိုက်တက်ဟာ ဂျူဗင်တပ်စ်ကို ရှုံးနိမ့်သွားခဲ့ပါတယ်။ ပွဲအပြီးမှာ မော်ရင်ဟိုက အသင်းနှစ်သင်းကြား ကစားသမားအရည်အသွေး ကွာဟနေမှုကို ထောက်ပြခဲ့ပြီး အသင်းရဲ့ အပြောင်းအရွှေ့ပေါ်လစီကို ပြောင်းလဲဖို့လည်း ပြောဆိုခဲ့ပါတယ်။

Photo : Goal.com

 

ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာ မော်ရင်ဟိုဟာ အပြောင်းအရွှေ့စရိတ် ပေါင် (၆၈)သန်းအသုံးပြုပြီး ကစားသမား (၃)ဦးကို ခေါ်ယူနိုင်ခဲ့ပါတယ်။ ဗဟိုနောက်ခံလူတစ်ဦး ခေါ်ယူချင်ခဲ့ပေမယ့်လည်း မော်ရင်ဟို အလိုရှိတဲ့အတိုင်း ဖြစ်မလာခဲ့ပဲ ရှိရင်းစွဲ ကစားသမား တွေနဲ့သာ ဘောလုံးရာသီသစ်ကို ယှဉ်ပြိုင်နေခဲ့တာ ဖြစ်ပါတယ်။

Photo : Juventus Facebook Page

"ဂျူဗင်တပ်စ်လို အဆင့်အတန်းကို သွားချင်တာလား၊ ဘာစီလိုနာလား၊ ရီးရဲလ်မက်ဒရစ်လား၊ ဘယ်လိုအဆင့်အတန်းမျိုးကို ခင်ဗျားသွားချင်တာလဲ၊ မန်စီးတီးလို အဆင့်အတန်းမျိုးကိုလား" လို့ သတင်းထောက်ရဲ့ မေးမြန်းမှုကို မော်ရင်ဟိုက ပြန်လည်မေးခွန်းထုတ် ဖြေဆိုသွားခဲ့ပါတယ်။ သတင်းထောက်က လက်ရှိ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အခြေအနေအပေါ် မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

Photo : Juventus Facebook Page

"ဂျူဗင်တပ်စ်က ချန်ပီယံအဖြစ် (၇)နှစ်ဆက်တိုက် အောင်ပွဲခံထားတဲ့ အသင်းပါ၊ နောက်ဆုံး လေးနှစ်လား၊ ငါးနှစ်လားအတွင်းမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို (၂)ကြိမ်တက်ရောက်ခဲ့တဲ့အသင်းလည်း ဖြစ်ပါတယ်၊ ဒါပေမယ့် ဒီအတွက် သူတို့တွေ မပျော်ရွှင်ခဲ့ပါဘူး၊ သူတို့က ဒီထက်မက လိုချင်နေတာပါ၊ သူတို့အသင်းမှာ ဟီဂူအင်၊ မန်ဇူကစ်၊ ဒီဘာလာတို့ ရှိနေပေမယ့် ဒီထက်တောင့်တင်းတဲ့ အစုအဖွဲ့ကို အလိုရှိခဲ့ပါတယ်"

 

"သူတို့ ရော်နယ်ဒိုကို ခေါ်ယူချင်ခဲ့တယ်၊ နောက်တန်းမှာဆိုလည်း ဘာဇာဂလီ၊ ချီလီနီ၊ ရူဂါနီတို့ ရှိပေမယ့် သူတို့ အဲဒီအတွက် မပျော်ရွှင်ခဲ့ဘူးလေ၊ သူတို့ ဘိုနူချီကို ခေါ်ခဲ့ပြီးတော့ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေကို ရရှိဖို့ ဆောင်ရွက်ခဲ့တာပါ၊ အဲဒီတော့ အောင်မြင်မှုကြီးမားခဲ့တဲ့ ကလပ်အသင်းကြီးတွေမှာ ကြီးမားတဲ့ဆန္ဒ၊ ကြီးမားတဲ့အနာဂတ်တွေ ရှိနေပါတယ်"

Photo : Man Utd Facebook Page

 

"ပြိုင်ပွဲတိုင်းကို အနိုင်ရဖို့ ကြိုးစားအားထုတ်နေတာပါ၊ ချန်ပီယံလိဂ်ပြိုင်ပွဲတစ်ခုတည်းကို ကျွန်တော်ပြောနေတာမဟုတ်ဘူးနော်၊ တစ်နှစ်တည်းနဲ့ ဖလားသုံးလုံးရဖို့လုပ်နေတာကို ပြောတာပါ၊ ပုံမှန်အားဖြင့် သူတို့က စီးရီးအေဖလားကို ရယူနိုင်တဲ့ အသင်းပါ၊ ဖလားသုံးလုံးရယူဖို့အတွက် သူတို့က ကြိုးစားနေခဲ့တာပါ"လို့ မော်ရင်ဟိုက ပြောဆိုသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က