ပရိသတ်တွေကို တလေးတစား ဆက်ဆံခဲ့တာပါ။

အိုးထရက်ဖို့ဒ်မှာ အသင်းဟောင်း မန်ချက်စတာယူနိုက်တက်နဲ့ ပြန်လည်ရင်ဆိုင်ခဲ့ရတဲ့ ရော်နယ်ဒိုဟာ ပွဲအပြီးမှာ ပရိသတ် တွေဆီက မေတ္တာကို နောက်တစ်ကြိမ်ထပ်မံ သယ်ဆောင်သွားခဲ့ပြန်ပါတယ်။ ပွဲချိန်အတွင်းမှာလည်း ရော်နယ်ဒိုဟာ လေးစားလောက်ဖွယ် အမူအယာတွေကို ပြသခဲ့သလို ပွဲအပြီးမှာလည်း ပရိသတ်တွေကို လိုက်လံနှုတ်ဆက်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။



Photo : Bleacher Report

 

အသင်းဟောင်းနဲ့ ပြန်ကစားခဲ့ရတဲ့ ပွဲဖြစ်ပေမယ့် ရော်နယ်ဒိုဟာ ခြေစွမ်းပြကစားခဲ့ပြီး ဒီဘာလာရဲ့ အနိုင်ဂိုးဟာလည်း သူ့ရဲ့ ဖြတ်တင်ပေးပို့ခဲ့ရာကနေ ရရှိခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန်ပထမပိုင်းအတွင်းမှာ ပရိသတ်တစ်ဦးဟာ ကွင်းအတွင်းကို ဝင်ရောက်လာခဲ့ပြီး ရော်နယ်ဒိုကို နှုတ်ဆက်ဖို့ ပြေးလွှားလာခဲ့ပါတယ်။

[No available link text] 

 လုံခြုံရေးများက ဝိုင်းဝန်းတားဆီးခဲ့ကြပေမယ့် ရော်နယ်ဒိုဟာ အဆိုပါ ပရိသတ်လေးကို လက်ဆွဲနှုတ်ဆက်သွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ မန်ယူအသင်းရဲ့ ပယ်နယ်တီဧရိယာထိပ်နားမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

[No available link text] 

ပွဲအပြီးမှာလည်း နောက်ထပ်အခြားသော ပရိသတ်အချို့ဟာ ကွင်းအတွင်း ဝင်ရောက်လာခဲ့ပြီး ရော်နယ်ဒိုနဲ့ နှုတ်ဆက်ခွင့်ရဖို့ ကြိုးစားခဲ့ပြန်ပါသေးတယ်။ ဒါပေမယ့်လည်း လုံခြုံရေးဝန်ထမ်းများက ထိန်းသိမ်းပေးခဲ့ရပါတယ်။ ပရိသတ်တစ်ဦးကတော့ လုံခြုံရေးတွေ တားဆီးပိတ်ပင်နေတဲကြားကနေ လွတ်ထွက်သွားခဲ့ပြီး ရော်နယ်ဒိုအနားကို ရောက်ရှိသွားခဲ့ပါတယ်။ ဒိအချိန်မှာတော့ ရော်နယ်ဒိုဟာ ပရိသတ်ကို အရေးတယူပြုမူဆက်ဆံခဲ့ပြီး သူနဲ့အတူတူ Selfie ရိုက်ပေးခဲ့ပါတယ်။

Photo : Sportbible

 

ကစားသမားအားလုံး ကွင်းအတွင်းက ထွက်ခွာသွားခဲ့ပေမယ့် ရော်နယ်ဒိုကတော့ နောက်ဆုံးမှသာ ကွင်းအတွင်းက ထွက်ခွာခဲ့ပြီး သူ့ရဲ့ အသင်းဟောင်းပရိသတ်တွေကို တလေးတစားနဲ့ လိုက်လံနှုတ်ဆက်နေခဲ့ပါတယ်။ ဒီလိုပြုမူခဲ့တဲ့အတွက် ရော်နယ်ဒိုကိုယ်တိုင်လည်း ပရိသတ်တွေရဲ့ အားပေးမှုကို ပြန်လည်ရရှိခဲ့ပြီး သူနဲ့ ပရိသတ်တွေကြားမှာ အပြန်အလှန်လေးစားမှုတွေကို တည်ဆောက်နိုင်ခဲ့ပါတယ်။

 

ချန်ပီယံလိဂ်ပွဲအတွက် မန်ချက်စတာကို ရောက်ရှိလာခဲ့ပြိးနောက်မှာလည်း ရော်နယ်ဒိုဟာ အိုးထရက်ဖို့ဒ်အတွင်း ဝင်ရောက်ခဲ့ပြီး သူ့ရဲ့ အတိတ်က အောင်မြင်ကျော်ကြားခဲ့တဲ မြေကို ပြန်လည်ခြေချမှု အရင်ပြုလုပ်ခဲ့ပါတယ်။ ကွင်းအတွင်းမှာ သတိရတမ်းတမှုနဲ့ ပြည့်နှက်နေတဲ့ မျက်ဝန်းအစုံနဲ့ ရော်နယ်ဒိုကို မြင်တွေ့ခဲ့ရပြီး အသင်းဟောင်းနဲ့ သူ့ရဲ့ကြား သံယောဇဉ်ကိုလည်း မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က