ဘောလုံးမကစားတတ်လို့ ဝေဖန်ကြတာလို့ ပြောခဲ့တာပါ။

ရီးရဲမက်ဒရစ်အသင်းရဲ့ ဘယ်နောက်ခံကစားသမား မာဆယ်လိုဟာ ယမန်နေ့ညက ပလာဇန်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ ဖိအားတွေဝင်နေတဲ့ နည်းပြလော့ပတယ်ဂီရဲ့ဘက်ကနေ ကာကွယ်ပြောဆိုခဲ့ပြီး မီဒီယာတွေကို ဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။ ရီးရဲမက်ဒရစ်အသင်းဟာ နောက်ဆုံး ၅ ပွဲစလုံးမှာ နိုင်ပွဲမရခဲ့ဘဲ ၄ ပွဲရှုံး ၁ ပွဲသရေရလဒ်သာ ရရှိခဲ့တာဖြစ်ပါတယ်။

5bcf77d39f1fe.jpeg

Photos: Depor



ရီးရဲမက်ဒရစ်အသင်းရဲ့နည်းပြ လော့ပတယ်ဂီဟာ ပြီးခဲ့တဲ့ ၅ ပွဲဆက်တိုက် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် နည်းပြရာထူးအတွက် ဖိအားတွေနဲ့ ရင်ဆိုင်နေရသူဖြစ်ပြီး ဗစ်တိုးရီးယားပလာဇန်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ ဖိအားတွေကနေ အတန်ငယ်သက်သာရာရခဲ့တာဖြစ်ပါတယ်။

အသက် ၅၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စပိန်လက်ရွေးစင်အသင်းနည်းပြဟောင်း လော့ပတယ်ဂီရဲ့နည်းပြရာထူးဟာ မရေရာမသေချာဖြစ်နေဆဲလို့ ယုံကြည်ရပြီး ရီးရဲမက်ဒရစ်အသင်းရဲ့ဘယ်နောက်ခံကစားသမား မာဆယ်လိုကတော့ လော့ပတယ်ဂီရဲ့ဘက်ကနေ ကာကွယ်ပြောဆိုပေးခဲ့ပြီး မီဒီယာတွေကို ပြန်လည်ဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။

Photos: VOV

 

"ဂျာနယ်လစ်တွေအားလုံးက ကျွန်တော်တို့ကို နာကျင်စေပါတယ်။ ခင်ဗျားက ဘောလုံးဘယ်လိုကစားရလဲဆိုတာ မသိတဲ့အတွက် ကျွန်တော်တို့ကို မနာလိုဖြစ်နေတာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်"

"ခင်ဗျား နိုင်ပွဲမရတဲ့အချိန်မှာ အရမ်းကို ခက်ခဲပါတယ်။ ဒါပေမယ့် အသင်းရဲ့ကစားသမားတွေကို နာကျင်စေအောင် အကြပ်အတည်းအကြောင်းကို ခင်ဗျား ပြောတယ်"

"ကျွန်တော့်ရဲ့အမြင်မှာတော့ နည်းပြက ကောင်းမွန်တဲ့အလုပ်ကို လုပ်နေပါတယ်"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က