ပယ်လ်ဇန်ကို သွင်းယူခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာဟာ မနေ့က ကစားခဲ့တဲ့ ဗစ်တိုရီးယားပယ်လ်ဇန်နဲ့ ပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုးတစ်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒီသွင်းဂိုးဟာ ရီးရဲလ်မက်ဒရစ်မှာ ကိုးနာရီ နဲ့ ၂၄ မိနစ်ကြာ ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ် နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Photo : Defensa Central

 

စက်တင်ဘာ(၁)ရက်နေ့က ကစားခဲ့တဲ့ လီဂါနက်စ်အသင်းနဲ့ပွဲစဉ်မှာ ဂိုးသွင်းယူပြီးနောက်ပိုင်း ဘန်ဇီမာဟာ အသင်းအတွက် ပြိုင်ပွဲစုံ ဂိုးမသွင်းနိုင်ခဲ့တာ နာရီပေါင်းများစွာ ကြာမြင်ခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်ဟာလည်း တိုက်စစ်ပိုင်း ပြသနာတွေနဲ့ ကြုံတွေ့နေရခဲ့ပြီး နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ဂိုးပေါက်ပျောက်နေခဲ့ပါတယ်။

အိုးထရက်ဖို့ဒ်မှာ ပရိသတ်မေတ္တာကို သိမ်းကျုံးယူသွားခဲ့ပြန်တဲ့ ရော်နယ်ဒို 

Photo : Goal.com

ပွဲကစားချိန် (၁၁)မိနစ်မှာ လူးကပ်ဗက်ကွက်ဇ်ရဲ့ ဖြတ်တင်ပေးပို့မှုကနေ ဘန်ဇီမာက ခေါင်းတိုက်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်အတွက် နောက်ထပ် အနိုင်ဂိုးတစ်ဂိုးကိုတော့ နောက်ခံလူ မာဆယ်လိုက သွင်းယူပေးခဲ့ပြီး ပယ်ဇ်ဇန်က ချေပဂိုတစ်ဂိုး ပြန်ရခဲ့လို့ ပွဲအပြီးမှာ ဗစ်တိုးရီးယားပယ်လ်ဇန်အသင်းကို (၂-၁)ဂိုးနဲ့ ရီးရဲလ်က အနိုင်ရရှိခဲ့ပါတယ်။

Photo : Karim Benzema Twitter

 

ချန်ပီယံလိဂ်ပွဲမှာ သွင်းဂိုးတစ်ဂိုး ရယူခဲ့နိုင်ပြီးနောက် ဘန်ဇီမာဟာ ချန်ပီယံလိဂ်သွင်းဂိုး စုစုပေါင်း (၅၇)ဂိုး သွင်းယူနိုင်ခဲ့ပြီ ဖြစ်ပြီး မန်ချက်စတာယူနိုက်တက် နဲ့ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူးဟောင်း ရုဒ်ဗန်နစ္စတယ်ရွိုင်းရဲ့ (၅၆)ဂိုး စံချိန်ကို ကျော်တက်နိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ရဲ့ ထာဝရဂိုးသွင်းရှင်များစာရင်းမှာ ဘန်ဇီမာက နံပါတ် (၄)ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

Photo : Futaa

 

ထိပ်ဆုံးမှာတော့ ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုက သွင်းဂိုးပေါင်း (၁၂၀) နဲ့ ရပ်တည်နေပြီး သူ့ရဲ့နောက်မှာ ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ်မက်ဆီက (၁၀၅)ဂိုး၊ ရီးရဲလ်မက်ဒရစ် ဂန္ထဝင်တိုက်စစ်မှူးဟောင်း ရာအူးလ်က (၇၁)ဂိုးနဲ့ အစဉ်လိုက် ရပ်တည်နေခဲ့ကြပါတယ်။

Share

Loading Next Article...
က္က