ယူရိုသန်း (၂၅၀)အထိ ပေးချေသွားမှာပါ။

ဘာစီလိုနာအသင်းဟာ ဥရောပအသင်းကြီးတစ်သင်းဖြစ်တဲ့ ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်ကစားသမား ပေါ်လိုဒီဘာလာကို ယူရိုသန်း (၂၅၀)အထိ ပေးချေပြီး ခေါ်ယူဖို့ စီစဉ်နေတယ်လို့သိရပါတယ်။ လက်ရှိမှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးရှင်အဖြစ် စံချိန်တင် ထားသူကတော့ ဘာစီလိုနာကနေ ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့တဲ့ ဘရာဇီးလ်တိုက်စစ်မှူး နေမာဖြစ်ပြီး ယူရို ၂၂၂သန်းနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။



Photo : Sportbible

 

Don Balon ရဲ့ ဖော်ပြချက်ကို ကိုးကားပြီး Sportbible သတင်းဌာနက ပြန်လည်ဖော်ပြခဲ့ရာမှာ ဘာစီလိုနာက ဒီဘာလာအတွက် ယူရိုသန်း ၂၅၀အထိ ပေးချေဖို့ အသင့်ရှိတယ်လို့ သိရပါတယ်။ လီယွန်နယ်မက်ဆီရဲ့ နေရာမှာ ရေရှည်အစားထိုးဖို့အတွက် ဒီဘာလာကို ဘာစီလိုနာက စိတ်ဝင်စားနေတာဖြစ်ပြီး တကယ်ခေါ်ယူနိုင်မှာလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။

Photo : Sportbible

 

အသက် (၂၄)နှစ်အရွယ် ဒီဘာလာဟာ အာဂျင်တီးနားအသင်းမှာ မက်ဆီနဲ့ အသင်းဖော်တွေအဖြစ် ကစားနေသူဖြစ်ပြီး ဂျူဗင်တပ်စ် အတွက်လည်း အရေးပါတဲ့ ကစားသမားဖြစ်ပါတယ်။ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ဒီဘာလာက အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စီးရီးအေပွဲစဉ်မှာလည်း ဒီဘာလာက ကက်ဂလီယာရီအသင်းဘက်ကို အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး ဂျူဗင်တပ်စ်တိုက်စစ်မှာ ရော်နယ်ဒိုနဲ့ တွဲဖက်ပြီး ခြေစွမ်းပြနေခဲ့ပါတယ်။ ဒီဘာလာကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်ကလည်း စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်နေပြီး ဂျိမ်းစ်ရိုဒရီဂွက်ဇ် နဲ့ ဒီဘာလာတို့ကို အလဲအထပ်ပြုလုပ်ဖို့ ဘိုင်ယန်က စဉ်းစားနေတာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်ကတော့ အသင်းရဲ့ အဓိကကစားသမားကို ရောင်းချဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။ ဒါပေမယ့်လည်း စပိန်ဘီလူးကြီး ဘာစီလိုနာကသာ အမှန်တကယ်ကမ်းလှမ်းမှု ပြုလုပ်ခဲ့မယ်ဆိုရင်တော့ ဒီအပြောင်းအရွှေ့ကို တားဆီးဖို့ ခက်ခဲမှာတော့ သေချာပါတယ်။ ဘာစီလိုနာကလည်း လာမယ့်ဇန်နဝါရီမှာပဲ ဒီဘာလာအတွက် စတင်ကြိုးပမ်းဖွယ်ရှိတယ်လို့ သတင်းများက ဖော်ပြခဲ့ကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က