ပွဲအပြီးမှာ ညည်းတွားပြောဆိုခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းက နောက်ကျအနိုင်ဂိုးတွေနဲ့ ဂျူဗင်တပ်စ်အသင်းကို အနိုင်ရရှိသွားတဲ့ အပေါ်မှာ ဂျူဗီတိုက်စစ်မှူး ရော်နယ်ဒိုက မကျေမနပ် ဖြစ်နေခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ ဦးဆောင်ဂိုးနဲ့ ဂျူဗင်တပ်စ်တို့ ဦးဆောင်နေခဲ့ပေမယ့်လည်း မန်ယူအသင်းက ပွဲပြီးခါနီး (၅)မိနစ်အတွင်းမှာ (၂)ဂိုးဆက်တိုက်သွင်းခဲ့ပြီး အိုးလေဒီတို့ကို ရှုံးပွဲကြုံစေခဲ့ပါတယ်။



 

ရော်နယ်ဒိုက မန်ယူဟာ ဒီပွဲကို အနိုင်ရသွားစရာအကြောင်း ဘာမှမရှိဘူးလို့ ပြောဆိုသွားခဲ့ပြီး ပြဇာတ်ဆန်ဆန် အနိုင်ယူသွားခဲ့တဲ့အပေါ်မှာ သုံးသပ်ခဲ့ပါတယ်။ ပေါ်တူဂီတိုက်စစ်မှူးဟာ (၆၅)မိနစ်မှာ အသင်းအတွက် ဦးဆောင်ဂိုးသွင်းပေးခဲ့ပေမယ့် မန်ယူအတွက် လူစားဝင်လာတဲ့ မာတာက ဖရီးကစ်ကတဆင့် ချေပခဲ့ပြီး ဆန်ဒရိုက ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့လို့ မန်ယူ အနိုင်ရရှိသွားခဲ့ပါတယ်။

 

ပွဲအပြီးမှာတော့ ရော်နယ်ဒိုက မန်ယူရဲ့ ပွဲအပေါ် ချဉ်းကပ်ပုံက အထင်ကြီးစရာမရှိပဲ ဂျူဗင်တပ်စ်အနေနဲ့ ဒီပွဲကို အနိုင်ရရှိသင့်ခဲ့တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ " မိနစ် ကိုးဆယ်လုံးလုံး ပွဲကို ကျွန်တော်တို့ လွှမ်းမိုးနိုင်ခဲ့ပြီး အခွင့်အရေးတွေလည်း အများကြီး ရရှိခဲ့ပါတယ်၊ သူတို့ကို သတ်ပစ်ဖို့ အခွင့်အရေး သုံးလေးကြိမ် ရှိခဲ့ပေမယ့် ကျွန်တော်တို့ အသုံးမချနိုင်ခဲ့လို့ ပြန်အပြစ်ပေးခံခဲ့ရပါတယ်" လို့ ရော်နယ်ဒိုက ပြောခဲ့ပါတယ်။

"မန်ချက်စတာယူနိုက်တက်က ဒီပွဲကို အနိုင်ရစရာ ဘာမှမရှိခဲ့ပါဘူး၊ ကံတရားအကြောင်း ခင်ဗျားပြောလို့လည်း မရပါဘူး၊ ဘာလို့လဲဆိုတော့ ခင်ဗျားကိုယ်တိုင်က ခင်ဗျားရဲ့ ကံကို ရှာဖွေရမှာဖြစ်ပြီး ဒီရှုံးပွဲက သူတို့ကို ကျွန်တော်တို့ လက်ဆောင်ပေးလိုက်ရသလိုပါပဲ၊ အခုတော့ ကျွန်တော်တို့ ခေါင်းကို မော့ထားရုံပဲ ရှိပါတယ်၊ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်တယ်၊ အုပ်စုထိပ်ဆုံးမှာ ရှိနေတုန်းပါပဲ" လို့ ရော်နယ်ဒိုက ပြောသွားခဲ့ပါတယ်။

 

ဂျူဗင်တပ်စ်ဟာ အုပ်စုတွင်းမှာ ရမှတ် (၉)မှတ်နဲ့ ထိပ်ဆုံးက ရှိနေဆဲဖြစ်ပြီး မန်ယူကတော့ ဂျူဗီနောက်မှာ (၂)မှတ်အကွာနဲ့ ရပ်တည်နေခဲ့ပါတယ်။ နောက်တစ်ဆင့်တက်ရောက်နိုင်ဖို့အတွက် ဂျူဗီ၊ မန်ယူ နဲ့ ဗလန်စီယာတို့ဟာ အပြိုင်အဆိုင် ကြိုးစားရတော့မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က