မှားယွင်းဆုံးဖြတ်ခဲ့တာပါလို့ စတာလင်က ပြောခဲ့တာပါ။

ရှက်တာဒိုးနတ်အသင်းနဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ အငြင်းပွားဖွယ် ပယ်နယ်တီသွင်းဂိုးနဲ့ ပတ်သက်ပြီး မန်စီးတီးအသင်းရဲ့ တိုက်စစ်ကစားသမား စတာလင်က ကွင်းလယ်ဒိုင်နဲ့ ရှက်တာဒိုးနတ်အသင်းကို တောင်းပန်စကားပြောဆိုလိုက်ပါတယ်။ မန်စီးတီးက ရှက်တာဒိုးနတ်ကို ခြောက်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာ အငြင်းပွားဖွယ် ပယ်နယ်တီ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

Photo : Daily Telegraph

 

အင်္ဂလန်တိုက်စစ်ကစားသမားဟာ ဂိုးသွင်းယူဖို့အတွက် ကြိုးစားနေစဉ်မှာ ဂိုးဧရိယာအတွင်း လဲကျခဲ့တာ ဖြစ်ပြီး ကွင်းလယ်ဒိုင်က ပယ်နယ်တီအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာ စတာလင်ဟာ ဘယ်သူနဲ့မှ ထိခိုက်မိခြင်းမရှိဘဲ လဲကျခဲ့တာ ဖြစ်ပြီး ကွင်းလယ်ဒိုင်လူကြီးက မှားယွင်းစွာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီပယ်နယ်တီကို ဂါဘရီရယ်ဂျီးဆပ်က ကန်သွင်းယူခဲ့ပြီး မန်စီးတီးတို့ ဒုတိယဂိုး ရရှိခဲ့ပါတယ်။

Photo : Stadium Astro

 

"ကျွန်တော်က ဘောလုံးကိုပဲ ထိန်းသိမ်းပြီး အရယူဖို့ အာရုံစူးစိုက်နေခဲ့တာပါ၊ အဲဒီနောက်တော့ ဘယ်လိုတွေ ဖြစ်သွားခဲ့လဲမသိလိုက်ပါဘူး၊ ကျွန်တော်က ဧရိယာထဲမှာ လဲကျနေခဲ့ပြီးနောက် ပြန်ထလာခဲ့ပါတယ်၊ ကွင်းလယ်ဒိုင်နဲ့ သွားရောက်ပြီး ဆက်သွယ်ပြောဆိုဖို့ လိုမယ်လို့ ကျွန်တော် မတွေးမိခဲ့တာပါ၊ ဒါက ကျွန်တော့်ရဲ့ အမှားပါ"

Photo : Evening Standard

 

"တကယ်ဆိုရင် ဒါက ပယ်နယ်တီမဟုတ်ဘူးလို့ ကျွန်တော် သွားရောက်ပြောဆိုခဲ့ရမှာ ဖြစ်ပေမယ့် မပြုလုပ်ခဲ့မိပါဘူး၊ အဲဒီအတွက် ကွင်းလယ်ဒိုင် နဲ့ ရှက်တာဒိုးနတ်အသင်းကို ကျွန်တော် တောင်းပန်ပါတယ်" လို့ စတာလင်က ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ စတာလင်ကတော့ ရှက်တာဒိုးနတ်နဲ့ပွဲမှာ အသင်းအတွက် တစ်ဂိုးသွင်းယူပေးခဲ့ပါသေးတယ်။

"အရေးကြိးတဲ့ နိုင်ပွဲတစ်ပွဲပါ၊ ကျွန်တော်တို့အနေနဲ့ ဘောလုံးတွေသာ ဆုံးရှုံးခဲ့မယ်ဆိုရင် သူတို့ရဲ့ အပြစ်ပေးခြင်းကို ခံသွားရမှာပါ" လို့ စတာလင်က ထပ်ပြောသွားခဲ့ပါတယ်။ မန်စီးတီးနည်းပြ ဂွာဒီယိုလာကလည်း စတာလင်ရဲ့ ဖြစ်ရပ်ဟာ ပယ်နယ်တီမဟုတ်ဘူးလို့ ပြောကြားသွားခဲ့ပြီး ဒီလိုအနေအထားကနေ ရရှိတဲ့ သွင်းဂိုးကို မနှစ်သက်ဘူးလို့ ပြောသွားခဲ့ပါသေးတယ်။

Share

Loading Next Article...
က္က