နှာခေါင်းရိုးကျိုးသွားခဲ့တာပါ။

ယမန်နေ့ညက ရီးရဲမက်ဒရစ်အသင်းက ဗစ်တိုးရီးယားပလာဇန်အသင်းကို ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ရီးရဲမက်ဒရစ်အသင်းရဲ့ အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ဟာ ပလာဇန်အသင်းရဲ့ကစားသမား ဟာဗယ်ကို နောက်ထပ်ဆိုးရွားတဲ့ပြစ်ဒဏ်ကျူးလွန်မှုတစ်ခု ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့ပါတယ်။

0_Viktoria-Plzen-vs-Real-Madrid-Czech-Republic-07-Nov-2018.jpg

Photos: Mirror

ရီးရဲမက်ဒရစ်အသင်းဟာ ပထမပိုင်းစတင်ချိန်ကတည်းက ဗစ်တိုးရီးယားပလာဇန်အသင်းကို လွှမ်းမိုးနိုင်ခဲ့ပြီး ၂၁ မိနစ်မှာ ဘန်ဇီးမားက ရီးရဲမက်ဒရစ်အသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး ၂၃ မိနစ်မှာ ကက်စမဲရိုး၊ ၃၇ မိနစ်မှာ ဘန်ဇီးမားကပဲ နောက်ထပ်ဦးဆောင်ဂိုးတွေ ထပ်မံသွင်းယူပေးခဲ့ပါတယ်။

ဘာနေဗျူးကို စွန့်ခွာခဲ့တာနဲ့ ပတ်သက်ပြီး ပီရက်ဇ်ကို ဒဲ့ပြောလိုက်တဲ့ ရော်နယ်ဒို 

ပထမပိုင်း ၁၄ မိနစ်မှာ ဆာဂျီယိုရာမို့စ်က ဟာဗယ်ကို သွေးထွက်သံယိုဖြစ်အောင် ပြုလုပ်ခဲ့ပြီး ကြမ်းတမ်းစွာကစားတတ်တဲ့ပုံစံကို ဆက်လက်ထိန်းသိမ်းခဲ့ပါတယ်။ ဟာဗယ်နဲ့ ရာမို့စ်တို့ဟာ ဘောလုံးကို အတူတူလိုက်ခဲ့ကြပြီး ရာမို့စ်က ဟာဗယ်ကို ဘောလုံးဆီမရောက်နိုင်အောင် ပိတ်ဆို့ခဲ့ရာမှာ ဟာဗယ်ရဲ့မျက်နှာကို တံတောင်နဲ့ တွတ်မိခဲ့တာဖြစ်ပါတယ်။

Photos: Metro

 

ယင်းဖြစ်စဉ်အပြီး ချက်ချင်းပဲ ဟာဗယ်ရဲ့နှာခေါင်းကနေ သွေးတွေစီးကျလာခဲ့တာကြောင့် ပွဲကို ခေတ္တရပ်နားပြီး ဆေးကုသမှုခံယူခဲ့ရပါတယ်။ ဟာဗယ်ရဲ့နှာခေါင်းရိုးဟာ ကျိုးသွားလား၊ မကျိုးသွားဘူးလားဆိုတာတော့ မသေချာပေမယ့် ဟာဗယ်ဟာ ၃၈ မိနစ်မှာ လူစားလဲမခံရခင်အချိန်အထိ ဆက်လက်ကစားပေးသွားခဲ့ပါတယ်။

[No available link text] 

ဟာဗယ်ကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့တဲ့ ဆာဂျီယိုရာမို့စ်ဟာ ကွင်းလယ်ဒိုင်ရဲ့ အရေးယူခြင်းကို မခံခဲ့ရဘဲ ပလာဇန်အသင်းရဲ့ပရိသတ်တွေဟာ ရာမို့စ်ကို ဝိုင်းဝန်းလှောင်ပြောင်ခဲ့ကြပါတယ်။ ဟာဗယ်ရဲ့မျက်နှာကို တံတောင်နဲ့ ရည်ရွယ်ချက်ရှိရှိ တွတ်ခဲ့တဲ့ ရာမို့စ်ရဲ့ရုပ်သံဗီဒီယိုဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး ဘောလုံးပရိသတ်တွေအများအပြားက ပြစ်တင်ဝေဖန်နေကြပါတယ်။

Share

Loading Next Article...
က္က