အနိုင်ရရှိအောင် ကူညီပေးခဲ့သူပါ။

ဂျူဗင်တပ်အသင်းရဲ့နည်းပြ မက်စီမီလီယာနိုအယ်လီဂရီက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ဖယ်လိုင်နီဟာ ကွဲပြားခြားနာမှုတွေ ပြုလုပ်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းကို ချန်ပီယံလိဂ်မှာ ဂျူဗင်တပ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိအောင် ကူညီပေးခဲ့သူဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

0_GettyImages-1064745676.jpg

ဂျူဗင်တပ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်ဟာ ပရိသတ်တွေကို ဖျော်ဖြေမှုအပြည့် ပေးနိုင်ခဲ့ပြီး ဒုတိယပိုင်း ၆၅ မိနစ်မှာ ခရစ်စတီယာနိုရော်နယ်ဒိုက ဂျူဗင်တပ်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ချေပဂိုးကို မာတာက အလွတ်တည်ကန်ဘောကနေ လှလှပပ သွင်းယူပေးခဲ့ပြီး မိနစ် ၉၀ မှာ အဲလက်စ်ဆန်ဒရိုရဲ့ ကိုယ့်ဂိုးကိုယ်ပြန်သွင်းခဲ့တဲ့ဂိုးကြောင့် မန်ချက်စတာယူနိုက်တက်အသင်း ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

၇၉ မိနစ်မှာ ဟာရဲရားရဲ့နေရာမှာ လူစားဝင်ကစားခဲ့တဲ့ ဖယ်လိုင်နီဟာ ဒုတိယပိုင်း မိနစ် ၉၀ မှာ အက်ရှ်လေယန်း ပြစ်ဒဏ်ဘောကနေတစ်ဆင့် ဖြတ်တင်ပေးပို့လိုက်တဲ့ဘောလုံးကို ခေါင်းတိုက်အဆုံးသတ်နိုင်လုနီးပါးအခြေအနေအထိ ရောက်ခဲ့ပြီး ဖယ်လိုင်နီဆီက လွတ်ထွက်လာတဲ့ ဘောလုံးကို ဂျူဗင်တပ်နောက်တန်းတွေက လိုက်လံဖျက်ထုတ်ရာမှာ ဂိုးသမားနဲ့နားလည်မှုလွဲပြီး ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိသလို ဖြစ်ခဲ့တာဖြစ်ပါတယ်။

 

ဂျူဗင်တပ်အသင်းရဲ့နည်းပြ အယ်လီဂရီက Group H ရဲ့ပြင်းထန်တဲ့ပွဲစဉ်မှာ ဖယ်လိုင်နီက အဆုံးအဖြတ်ပေးနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပြီး မန်ယူအသင်းအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ခဲ့စဉ်က ဖယ်လိုင်နီ မပါဝင်မှုက ဂျူဗင်တပ်အသင်းအတွက် အခွင့်ကောင်းတစ်ခုဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

"ပထမပွဲစဉ်တုန်းက သူတို့အသင်းမှာ ဖယ်လိုင်နီကို ထည့်ပြီးမကစားနိုင်ခဲ့ပါဘူး။ သူ မပါဝင်နိုင်မှုကို ကျွန်တော်တို့က အခွင့်ကောင်းတစ်ခုအဖြစ် အသုံးချနိုင်ခဲ့ပါတယ်"

"ဒီညမှာတော့ သူ ကစားခဲ့တယ်။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာပါဝင်မှုက ချက်ချင်းပဲ ခံစားခဲ့ရပါတယ်။ သူ အမြင့်ဘောတချို့ကို ထိန်းချုပ်နိုင်ခဲ့တယ်။ ကျွန်တော်တို့က အနိမ့်ဘောတွေမှာ တခါတရံ ကောင်းမွန်ခဲ့ပေမယ့်လည်းပေါ့"

"အလွတ်တည်ကန်ဘောတွေ ပေးခဲ့ရတာက ကျွန်တော်တို့ရဲ့ အကြီးမားဆုံးအမှားပဲ။ အဲဒါက ဖြစ်ပျက်ခဲ့ပြီး ကျွန်တော်တို့ ပေးဆပ်ခဲ့ရပါပြီ"

"အဲဒီကနေ ကျွန်တော်တို့ လေ့လာသင်ယူရပါမယ်"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က