စပို့တင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ ရခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ စပို့တင်းလစ္စဘွန်းနဲ့ပွဲစဉ်မှာ အာဆင်နယ်တိုက်စစ်မှူး ဒန်နီဝဲလ်ဘက်ခ်ဟာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိသွားခဲ့ပါတယ်။ ဘောလုံးရယူဖို့ ကြိုးစားရင်းနဲ့ ဝဲလ်ဘက်ခ်ဟာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့ပြီး ပုံမှာမြင်တွေ့မှုအရ ထိတ်လန့်စရာ ဒဏ်ရာအနေအထား ဖြစ်ခဲ့မယ်ဆိုတာ ထင်ရှားခဲ့ပါတယ်။ Daily Mail ရဲ့ ဖော်ပြချက်အရ ဝဲလ်ဘက်ခ်ဟာ ဒဏ်ရာကြောင့် ကာလအတန်ကြာ အနားယူရမယ်လို့ သိရပါတယ်။



Photo : Daily Mail

 

ဝဲလ်ဘက်ခ်ရဲ့ ခြေကျင်းဝတ်ဟာ လည်ထွက်သွားခဲ့ပြီး တော်တော်လေးဆိုးဝါးတဲ့ အနေအထားဖြစ်ခဲ့ပါတယ်။ ပွဲကစားချိန် (၂၅)မိနစ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဝဲလ်ဘက်ခ်ရဲ့ အခြေအနေကို မြင်တွေ့ခဲ့ရတဲ့ အာဆင်နယ်ကွင်းလယ်လူ ဂွမ်ဒေါင်ဇီဆိုရင် တော်တော်လေး ထိတ်လန့်သွားခဲ့တဲ့ အမူအယာဖြစ်ခဲ့ပါတယ်။

Photo : Daily Mail

 

ဝဲလ်ဘက်ခ်ကို လူနာထမ်းစင်နဲ့ ခေါ်ထုတ်သွားခဲ့ရပြီး ဆေးရုံးကို ချက်ချင်းပို့ဆောင် ကုသပေးခဲ့ရတယ်လို့ သိရပါတယ်။ ဒဏ်ရာအနေအထားကို အတိအကျမသိရသေးပေမယ့် အာဆင်နယ်နည်းပြ အမ်မရီကတော့ ဝဲလ်ဘက်ခ်ရဲ့ ဒဏ်ရာက တော်တော်လေးပြင်းထန်တယ်လို့ အတည် ပြုပြောဆိုသွားခဲ့ပါတယ်။

Photo : Daily Mail

 

"သူ့ဒဏ်ရာက သူ့အတွက်ရော၊ ကျွန်တော်တို့အတွက်ပါ တော်တော်လေး ကြီးမားလွန်းပါတယ်၊ ဆေးရုံကို ပို့ဆောင်ပေးခဲ့ရပြီး ဒဏ်ရာအသေးစိတ်ကို သိရဖို့ ကျွန်တော်တို့ စောင့်ဆိုင်းနေပါတယ်" လို့ အူနိုင်းအမ်မရီက ပြောဆိုသွားခဲ့ပါတယ်။ ဝဲလ်ဘက်ခ်ဟာ ကစားသမားဘဝမှာ မကြာခဏ ဒဏ်ရာ ရရှိတတ်တဲ့ ကစားသမား ဖြစ်ပါတယ်။

Photo : Daily Mail

 

အာဆင်နယ်မှာ ပုံမှန်ကစားခွင့်ရဖို့ ကြိုးစားနေတာ ဖြစ်ပြီး အင်္ဂလန်အသင်းမှာလည်း ပါဝင်ကစားခွင့်ရဖို့ မျှော်လင့်နေတဲ့ ဝဲလ်ဘက်ခ်အတွက် စိတ်ပျက်စရာ ဒဏ်ရာဆိုး ဖြစ်ခဲ့ပါတယ်။ အာဆင်နယ်ဂိုးသမား ပီတာချက်ကလည်း ဝဲလ်ဘက်ခ်ရဲ့ ဒဏ်ရာက စိုးရိမ်စရာကောင်းတယ်လို့ ပြောဆိုခဲ့ပြီး မြင်တွေ့ရမှုက စိတ်မချမ်းမြေ့ဖွယ်ဖြစ်တယ်လို့ ပြောခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က