(၆)ပွဲ အပယ်ခံလိုက်ရတာပါ။

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်တဲ့ ရောဘတ်တို ဆိုဒါဒိုလ်ဟာ ဂါလာတာစာရေး နဲ့ ဖီနာဘာချီတို့ရဲ့ ပွဲမှာ ဖြစ်ပွားခဲ့တဲ့ ရန်ပွဲမှာ ပါဝင်ခဲ့လို့ (၆)ပွဲပယ် ပြစ်ဒဏ်ကို ချမှတ်ခံလိုက်ရပြီ ဖြစ်ပါတယ်။ အသက် (၃၃)နှစ်အရွယ် ဖီနာဘာချီတိုက်စစ်မှူးဟာ ပြိုင်ဘက်ကစားသမားကို လည်ပင်းညှစ်ခဲ့တာ ဖြစ်ပါတယ်။

Photo : Gazete TAMAM

 

တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့တဲ့ အစ္စတန်ဘူလ်ဒါဘီပွဲစဉ်ဟာ ပွဲအပြီးမှာ ပွဲကြမ်းခဲ့တာ ဖြစ်ပြီး နှစ်ဖက်ကစားသမားတွေကြား အပြန်အလှန်ထိုးကြိတ်မှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဖီနာဘာချီကစားသမား ဂျေးလ်ဆန်ဟာ ဂါလာတာစာရေး ကစားသမားတွေရဲ့လိုက်လံထိုးကြိတ်မှုကနေလွတ်အောင် ရှောင်ပြေးခဲ့ရပြီး အဝတ်လဲခန်းအတွင်း ပြေးဝင်ခဲ့ရပါတယ်။

ပြင်းထန်တဲ့ ဒဏ်ရာရရှိသွားခဲ့တဲ့ အာဆင်နယ်တိုက်စစ်မှူး ဝဲလ်ဘက်ခ် 

 

နှစ်ဖက်အသင်းက စုစုပေါင်း ကစားသမား (၅)ဦးကို ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပြီး ဆိုဒါဒိုလ်က တစ်ဦးအပါအဝင် ဖြစ်ခဲ့ပါတယ်။ ဂါလာတာစာရေးအသင်းရဲ့ နည်းပြ ဖိတ်တာရမ်ကတော့ (၇)ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရပြီး ကွင်းလယ်ဒိုင်လူကြီးကို စော်ကားပြောဆိုမှုတွေအပြင် ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တဲ့ စကားအသုံးအနှုန်းတွေကြောင့် ပွဲပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

Photo : Euro Sports

 

လက်ထောက်နည်းပြ ဟာဆန်ဆက်စ်ကတော့ (၈)ပွဲ အပယ်ခံခဲ့ရပြီး ပြိုင်ဘက်အသင်းက ကစားသမားတွေကို ကိုယ်ထိလက်ရောက် ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ဖြစ်ပါတယ်။ ဂါလာတာစာရေးအသင်းရဲ့ ကွင်းလယ်လူ မန်ဒက်စ်ရိုဒရီဂွက်စ်က (၆)ပွဲ၊ ရွိုင်ယန်ဒွန့်ခ်က (၃)ပွဲစီ အသီးသီး ပွဲပယ်ခံခဲ့ရတယ်လို့ BBC က ဖော်ပြခဲ့ပါတယ်။

Photo : Fanatik

 

နှစ်ဖက်အသင်းစလုံးကိုလည်း ဒဏ်ငွေတပ်ရိုက်ခဲ့ပြီး ပြင်းထန်တဲ့ သတိပေးမှုတွေ တူရကီဘောလုံးအဖွဲ့ချုပ်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဂါလာတာစာရေးအသင်းက (၂)ဂိုးအသာနဲ့ ဦးဆောင်နေခဲ့ပေမယ့်လည်း ဖီနာဘာချီအသင်းက ချေပဂိုးတွေ ပြန်လည်သွင်းယူခဲ့လို့ သရေပွဲဖြစ်ခဲ့ပြီးနောက် ရန်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က