ယူရိုပါလိဂ်မှာ သွင်းခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ဘိုရီဆော့ဗ်အသင်းနဲ့ ပွဲစဉ်မှာ ချယ်လ်ဆီးအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို တိုက်စစ်မှူး ဂီရော့ဒ်က သွင်းယူပေးခဲ့ပါတယ်။ နိုင်ပွဲရရှိခဲ့တဲ့ ချယ်လ်ဆီးဟာလည်း ယူရိုပါလိဂ်ရဲ့ (၃၂)သင်းအဆင့်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပြီး အုပ်စုတွင်းမှာ လေးပွဲကစားအပြီး လေးပွဲစလုံးကို အနိုင်ရရှိခဲ့ပါတယ်။

 

ပွဲကစားချိန် (၅၂)မိနစ်မှာ ဂီရော့ဒ်က အနိုင်ဂိုးကို အီမာဆင်ရဲ့ ဖြတ်တင်ပေးပို့မှုကနေ ဂီရော့ဒ်က ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။ ဒါဟာ ဂီရော့ဒ်အတွက် ဒီနှစ်မှာ ချယ်လ်ဆီးအတွက် ပထမဆုံးသွင်းဂိုး ဖြစ်လာခဲ့ပြီး နည်းပြဆာရီရဲ့ လက်အောက်မှာ သူ့အတွက် ပထမဆုံး ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီရာသီမှာ ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံ ((၁၂)ပွဲ ကစားပေးထားပြီး သွင်းဂိုးတစ်ဂိုးမှ မရရှိသေးတဲ့ ဂီရော့ဒ်ဟာ ယူရိုပါလိဂ်ပွဲမှာ ဂိုးပေါက်ရှာတွေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ ချယ်လ်ဆီးဟာ အဓိကကစားသမားတွေဖြစ်တဲ့ ရူဒီဂါ၊ ဒေးဗစ်လုဇ်၊ အလွန်ဆိုတို့ကို အနားပေးခဲ့ပြီး အရန်ကစားသမားတွေကို ပွဲထုတ်ခဲ့ပါတယ်။ ကွင်းလယ်မှာလည်း ကန်တေကို အနားပေးခဲ့တာ ဖြစ်ပါတယ်။

ဆာရီလက်ထက် ရှုံးပွဲမရှိစံချိန်ကိုလည်း ဆက်ထိန်းထားနိုင်ဆဲဖြစ်ပြီး ဥရောပထိပ်တန်းလိဂ် (၅)ခုမှာ ရှုံးပွဲမရှိသေးတဲ့ တစ်ခုတည်းသော အသင်းအဖြစ် ချယ်လ်ဆီးက ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၂ ခုနှစ်နောက်ပိုင်း ဥရောပပြိုင်ပွဲမှာ လေးပွဲဆက်တိုက် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

 

ဆာရီအတွက်လည်း ယူရိုပါလိဂ်အုပ်စုပွဲစဉ် (၁၀)ပွဲ ကိုင်တွယ်ခဲ့ရာမှာ (၁၀)ပွဲလုံးကို အနိုင်ရရှိခဲ့ပြီး စုစုပေါင်း (၂၈)ဂိုး သွင်းယူနိုင်ခဲ့ကာ (၄)ဂိုးသာ ပြန်လည်ခွင့်ပြုခဲ့ရတယ်လို့ သိရပါတယ်။ ချယ်လ်ဆီးအတွက် ပါဝင်ကစားပေးခဲ့တဲ့ ဘာကလေ၊ ကာဟေးလ်၊ နဲ့ လော့တပ်ချိခ် တို့ ဟာလည်း ၂၀၁၄ နောက်ပိုင်း ချယ်လ်ဆီးရဲ့ ဥရောပပြိုင်ပွဲတစ်ခုမှာ အင်္ဂလန်ကစားသမား (၃)ယောက် တစ်ပြိုင်နက်တည်း ပထမဆုံးပါဝင်ကစားပေးခဲ့တဲ့ မှတ်တမ်းကို ရရှိခဲ့ပါတယ်။

Share

Loading Next Article...
က္က