အင်္ဂလန်၊ စပိန်နဲ့ အီတလီအသင်းတွေကို ချန်ပီယံလိဂ်မှာ ဂိုးသွင်းနိုင်ခဲ့တာပါ။

ဂျူဗင်တပ်အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုဟာ ကာလရှည်ပြိုင်ဘက်ဖြစ်တဲ့ လီယွန်နယ်မက်ဆီရဲ့ ချန်ပီယံလိဂ်စံချိန်တစ်ခုကို ချိုးဖျက်နိုင်ဖို့ နီးစပ်နေပြီဖြစ်ပြီး ကစားသမား ၄ ဦးသာရရှိထားတဲ့ ဥရောပမိုင်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပြီဖြစ်ပါတယ်။



2421703-50332830-2560-1440.jpg

Photos: Eurosports

 

ဘာစီလိုနာအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ မကြာသေးမီကမှ ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ ချန်ပီယံလိဂ်အုပ်စုုအဆင့်မှာ သွင်းယူထားတဲ့ ဂိုးအရေအတွက်ကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ မက်ဆီနဲ့ ရော်နယ်ဒိုတို့က ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်တွေမှာ သွင်းဂိုး ၆၀ စီနဲ့ အတူတူရပ်တည်ခဲ့တာဖြစ်ပေမယ့် ပြီးခဲ့တဲ့စက်တင်ဘာလက ပီအက်စ်ဗွီအသင်းကို ၄ ဂိုး ဂိုးမရှိနဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ မက်ဆီက ရော်နယ်ဒိုကို ဖြတ်ကျော်ခဲ့တာဖြစ်ပါတယ်။

ဘာနေဗျူးကို စွန့်ခွာခဲ့တာနဲ့ ပတ်သက်ပြီး ပီရက်ဇ်ကို ဒဲ့ပြောလိုက်တဲ့ ရော်နယ်ဒို 

မက်ဆီဟာ ယင်းပွဲစဉ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ၆၃ ဂိုး စံချိန်တင်သွင်းယူနိုင်တဲ့ကစားသမား ဖြစ်လာခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ လက်ရှိအချိန်မှာ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ သွင်းဂိုး ၆၅ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပြီး နောက်ထပ်ပွဲစဉ်တွေမှာ ဆက်လက်ပြီး ဂိုးအရေအတွက် မြင့်တက်လာဖို့ရှိနေပါတယ်။

Photos: Independent

 

ဒါပေမယ့် ဂျူဗင်တပ်အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုဟာ ၎င်းရဲ့ခြေစွမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်တာကြောင့် မက်ဆီအနေနဲ့ ဂိုးသွင်းစံချိန်ကို ကြာရှည်ထိန်းသိမ်းထားနိုင်ဖို့တော့ မသေချာပါဘူး။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက ဂျူဗင်တပ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့ပေမယ့် ရော်နယ်ဒိုကတော့ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ခရစ်စတီယာနိုရော်နယ်ဒိုဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်တွေမှာ သွင်းဂိုး ၆၁ ဂိုး ရှိလာခဲ့ပြီဖြစ်ပြီး မက်ဆီရဲ့ စံချိန်ကို လိုက်မီဖို့အတွက် ၄ ဂိုးသာ လိုတော့တာဖြစ်ပါတယ်။ ဒ့ါအပြင် ခရစ်စတီယာနိုရော်နယ်ဒိုဟာ သမိုင်းကြောင်းတစ်လျှောက် ကစားသမား ၄ ဦးသာ ရရှိထားတဲ့ ဥရောပမိုင်တိုင်ကို စိုက်ထူနိုင်ခဲ့ပြီး ဥရောပထိပ်သီးပြိုင်ပွဲမှာ အင်္ဂလန်၊ စပိန်၊ အီတလီက အသင်းတွေကို ဂိုးသွင်းနိုင်တဲ့ ၅ ဦးမြောက်ကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ ရော်နယ်ဒိုမတိုင်ခင်က ယင်းမိုင်တိုင်ကို အီတိုး၊ ဖာနန်ဒိုလော်ရန်တေး၊ ဂျူလီယိုဘတ်ပ်တစ္စတာ၊ မိုရာတာတို့က စိုက်ထူထားတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က