(၃)နှစ်စာချုပ် ချုပ်ဆိုလိုက်တာပါ။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းနည်းပြသစ်အဖြစ် ယာယီနည်းပြ ဆိုလာရီကို ခန့်အပ်လိုက်ပြီလို့  90 min သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ လူငယ်အသင်းနည်းပြကနေ ရီးရဲလ်မက်ဒရစ် အသင်းကြီးကို ယာယီကိုင်တွင်ခဲ့တဲ့ ဆိုလာရီဟာ လေးပွဲကိုင်တွယ်အပြီးမှာ ရာနှုန်းပြည့်နိုင်ပွဲတွေ ရရှိခဲ့တာကြောင့် အသင်းက အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။



Photo : 90 min

 

ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ လာလီဂါအမှတ်ပေးဖလား (၂)ကြိမ် နဲ့ ၂၀၀၂ ခုနှစ် ချန်ပီယံလိဂ်ဖလားတို့ကို ဆွတ်ခူးခဲ့ဖူးတဲ့ ဆိုလာရီဟာ ရီးရဲလ်အသင်းမှာ (၅)နှစ်ကြာ ကစားခဲ့ဖူးပါတယ်။ အောက်တိုဘာလ (၂၉)ရက်နေ့မှာ ယာယီနည်းပြအဖြစ် ရီးရဲလ်ကို ကိုင်တွယ်ခဲ့ပြီးနောက် တစ်လမပြည့်သေးခင်မှာပဲ ဆိုလာရီဟာ အမြဲတမ်းနည်းပြရာထူးကို ပိုင်ဆိုင်သွားခဲ့ပါပြိ။

ဆိုလာရီကို နည်းပြအဖြစ် ခန့်အပ်တဲ့ သတင်းကို အင်္ဂါနေ့ ညနေပိုင်းမှာ ရီးရဲလ်မက်ဒရစ်က တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။ " နိုဝင်ဘာလ (၁၃)ရက်နေ့မှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဘုတ်အဖွဲ့အစည်းအဝေးကို ပြုလုပ်ခဲ့ပြီး ဆိုလာရီကို အသင်းရဲ့ နည်းပြအဖြစ် ၂၀၂၁ခုနှစ်၊ ဇွန်လ (၃၀)ရက်နေ့အထိ ခန့်အပ်ဖို့ သဘောတူညီခဲ့ပါတယ်" လို့ ရီးရဲလ်က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

Photo : Laacib.net

 

ဆိုလာရီကို ယာယီနည်းပြအဖြစ် ခန့်အပ်ထားစဉ်အတွင်းမှာ ရီးရဲလ်မက်ဒရစ် ဥက္ကဌ ပီရက်ဇ်က ချယ်လ်ဆီးနည်းပြဟောင်း ကွန်တီ၊ ဘယ်လ်ဂျီယံနည်းပြ မာတီနက်ဇ် နဲ့ မိုနာကိုနည်းပြဟောင်း ယာဒင်တို့ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စိတ်ကူးခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း အဆုံးသတ်မှာတော့ ဆိုလာရီကိုပဲ နည်းပြအဖြစ် ခန့်အပ်ဖို့ ဆုံးဖြတ်သွားခဲ့တာပါ။

ဆိုလာရီရဲ့ လက်ထက်မှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ စပိန်ဘုရင့်ဖလားပွဲမှာ မယ်လီလာအသင်း၊ လာလီဂါမှာ ရီးရဲလ်ဗယ်လာဒိုးလစ် နဲ့ ဆယ်လ်တာဗီဂို၊ ချန်ပီယံလိဂ်မှာ ဗစ်တိုးရီးယားပယ်လ်ဇန်တို့ကို အနိုင်ရရှိခဲ့ပြီး စုစုပေါင်းသွင်းဂီုး (၁၃)ဂိုး၊ ပေးဂိုး (၂)ဂိုးသာ ရှိခဲ့ပါတယ်။ လက်ရှိမှာ ရီးရဲလ်က လာလီဂါအမှတ်ပေးဇယား အဆင့် (၆)နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးက ဦးဆောင်နေတဲ့ ဘာစီလိုနာ နဲ့ (၄)မှတ် ကွာဟနေခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က