ဘိုင်ယန်မြူးနစ်အသင်းကတော့ ဇန်နဝါရီဈေးကွက်မှာ အပြင်းအထန် လှုပ်ရှားမယ်လို့ မြင်နေရပါတယ်။

နိုဝင်ဘာလ ၁၆ ရက်(သောကြာ)နေ့ရဲ့ မနက်ခင်းပိုင်း နိုင်ငံတကာ သတင်းတိုတွေကို စုစည်းဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။



Photo - DNA India

 

- ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အသင်းကတော့ ရီးရဲက နှုတ်ထွက်ပြီး အသင်းလက်မဲ့ ဖြစ်နေတဲ့ ပြင်သစ်လူမျိုး နည်းပြ ဇီဒန်းကို ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးက ရေပန်းစားနေသလို အခြားတစ်ဖက်မှာလည်း မန်ယူတိုက်စစ်မှူး ဆန်းချက်ကို မူလလစာထက် ၁၀ ရာခိုင်နှုန်းပိုပေပြီး ခေါ်ယူဖို့ ကြိုး ပမ်းနေတယ်လို့ သိရပါတယ်။

Photo - Futaa

 

- လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ နည်းပြမော်ရင်ဟိုရဲ့ အဲရစ်ဘိုင်လီကို အာဆင်နယ်အသင်းက ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေပြီး ဒီကစား သမားကိုတော့ အာဆင်နယ်အသင်းက မနှစ်က ကတည်းက ခေါ်ယူဖို့ ပြင်ဆင်နေတာလို့ သိရပါတယ်။

Photo - CFCnet

 

- နာပိုလီအသင်းက နောက်ခံလူ ကောင်လီဘလီကို ပေါင် ၈၈ သန်းနဲ့ ခေါ်ယူပေးဖု့ိ နည်းပြ မော်ရင်ဟိုကတော့ မန်ယူအသင်း ဘုတ်အဖွဲ့ကို တိုက်တွန်းလိုက်ပါပြီ။

Photo - New York Post

 

- အမေရိကန်ရဲ့ အသက်လို့ တင်စားနေကြတဲ့ ဒေါ့မွန် ကစားသမား ပူလီဆစ်ကတော့ မန်ယူအသင်းနဲ့ ပုံရိပ်တွေ ပိုမိုကြီးထွားလာပေမယ့်လည်း ခေါ်ယူနိုင်ဖို့ အဓိက ဦးဆောင်နေတာကတော့ ချဲလ်ဆီးအသင်းဖြစ်ပါတယ်။

Photo - football365.am

 

- ဘိုင်ယန်မြူးနစ်အသင်းဟာ ဇန်နဝါရီမှာ အသင်းကို အများကြီး ပြင်ဆင်မှုတွေ ပြုလုပ်သွားဖို့ ရှိနေပြီး အခုလည်း အာဆင်နယ်အသင်းနဲ့ လမ်းခွဲ တော့မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ ဝေးလ်လက်ရွေးစင် ရမ်ဆေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြန်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က