ရွန်နီက အင်္ဂလန်အသင်းအတွက် စုစုပေါင်း ၅၃ ဂိုးသွင်းယူပေးထားနိုင်သူပါ။

မနေ့က နှုတ်ဆက်ပွဲအဖြစ် ကစားခဲ့တဲ့ အမေရိကန်နဲ့ပွဲအပြီးမှာ ဝိန်းရွန်နီက အခုလို ပြောခဲ့တာ ဖြစ်ပြီး ကိန်းအပေါ်မှာ ယုံကြည်မှု အပြည့်ရှိတယ် လို့ ဆိုခဲ့တာပါ။

 

လက်ရှိ အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင် ဟယ်ရီကိန်းအနေနဲ့ တစ်ချိန်မှာ မိမိရဲ့ စံချိန်ကိုု ချိုးဖျက်ပြီး အသင်းသမိုင်းမှာ ဂိုးသွင်းအများ ဆုံး ကစားသမားဖြစ်လာမယ်လို့ ဝိန်းရွန်နီက မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ် ရွန်နီအနေနဲ့ အမေရိကန်အသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ နိုင်ငံအသင်းအတွက် ပွဲ ၁၂၀ မြောက် တစ်နည်းအား ဖြင့် နောက်ဆုံး နိုင်ငံတကာပွဲအဖြစ် ကစားခဲ့ပါတယ်။

 

လက်ရှိမှာတော့ အမေရိကန်ကလပ် DC ယူနိုက်တက်အသင်းမှာ ကစားနေတဲ့ ရွန်နီကတော့ အင်္ဂလန်အသင်းအတွက် စုစုပေါင်း သွင်းဂိုး ၅၃ ဂိုး အထိ သွင်းယူထားပေးထားနိုင်ပြီး လက်ရှိ တိုက်စစ်မှူး ကိန်းထက် ၃၄ ဂိုး ပိုမို သွင်းယူထားပါတယ်။

" ကျွန်တော်ကိန်းကို ဆုဖလားနဲ့အတူ အောင်မြင်တဲ့ ကစားသမားအဖြစ် မြင်ချင်ပါတယ်။ ကျွန်တော် ကိန်းကို ကျွန်တော့်ကို ကိုယ်စားပြုဖို့ အတွက် မေးခဲ့ပါတယ်။ဘာလို့လဲဆိုတော့ သူက တစ်ချိန်မှာ ကျွန်တော့် စံချိန်ကို ချိုးဖျက်မယ်လို့ ကျွန်တော် ယုံကြည်နေပါတယ်။" လို့ ဝိန်းရွန်နီ ကပြောပါတယ်။

 

အခု ကစားခဲ့တဲ့ အမေရိကန် အသင်းနဲ့ ခြေစမ်းပွဲကတော့ အင်္ဂလန်တိုက်စစ်မှူး ဝိန်းရွန်နီအတွက် နှုတ်ဆက်ပွဲသဖွယ်ကစားပေးခဲ့တာ ဖြစ်ပြီး ရွန် နီက ဒီမတိုင်ခင်၂၀၁၇ ခုနှစ်ကတည်းက အင်္ဂလန်လက်ရွေးစင် ကစားသမားဘဝကနေ အနားယူထားနှင့်သူပါ။

အင်္ဂလန်ရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး တိုက်စစ်မှူးလို့ အများက ယုံကြည်ထားတဲ့ အဲဗာတန်နဲ့ မန်ယူကစားသမားဟောင်း ဝိန်းရွန်နီက တော့ အင်္ဂလန်လက်ရွေးစင်ကစားသမားဘဝကို ၂၀၀၇ ခုနှစ်က အသက် ၁၇ နှစ်အရွယ်နဲ့ စတင်ပါဝင်ခဲ့သူပါ။

Share

Loading Next Article...
က္က