ရော်ဘတို ကားလို့စ်က Air Asia ရဲ့ အရှေ့တောင်အာရှ ပရိုမိုးရှင်း သံတမန် ဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ဘရာဇီးဂန္တဝင်ကစားသမားဟောင်း ရောဘတ်တို ကားလို့်စ်ဟာ ဗီယက်နမ်နဲ့မလေးရှားတို့ကစားမယ့် ဆူဇူကီးဖလားပွဲကိုလာရောက်အားပေးကြည့်ရှုမယ်လို့ Fox Sport သတင်းဌာန က ဖော်ပြထားပါတယ်။ ကားလို့စ်ဟာ Air Asia လေကြောင်းလိုင်းရဲ့ပရိုမိုးရှင်းအစီအစဉ်နဲ့ ဗီယက်နမ်နိုင်ငံကိုလာရောက်မှာဖြစ်ပြီး မိုင်ဒင်းကွင်းမှာ ပရိသတ်တွေနဲ့ လည်းတွေ့ဆုံဖို့ရှိနေပါတယ်။

Photo - Asia News Network

ဘရာဇီးရဲ့ဖရီးကန်စပယ်ရှယ်လစ် ရောဘတ်တိုကားလို့စ်ကို ဒီညကစားမယ့် ဗီယက်နမ်-မလေးရှားပွဲမှာ မြင်တွေ့ရဖို့ရှိနေပါတယ်။ ရောဘတ်တို ကားလို့စ်ဟာ မလေးရှားတန်ဖိုးနည်းလေကြောင်းလိုင်း Air Asia ရဲ့ အရှေ့တောင်အာရှပရိုမိုးရှင်းအစီအစဉ်မှာ သံတမန်အနေနဲ့ ဆောင်ရွက်နေတာဖြစ်ပြီး ပွဲမတိုင်ခင်မှာ ဗီယက်နမ်ပရိသတ်တွေနဲ့တွေ့ဆုံဖို့လည်းရှိနေပါတယ်။

သောကြာနေ့ မနက်ခင်း အားကစားသတင်းတိုများ 

ရောဘတ်တိုကားလို့စ်နဲ့ ပရိသတ်တွေတွေ့ဆုံမှုကို မိုင်ဒင်းကွင်းအပြင်ဘက်မှာ ဒေသစံတော်ချိန် ညနေ၄နာရီကစတင်ပြီး ကျင်းပမှာဖြစ်တယ်လို့ Fox Sports ကဖော်ပြထားပါတယ်။

ဘရာဇီးဂန္တဝင်ကစားသမား ရောဘတ်တိုကားလို့စ်ဟာ ဘရာဇီးအသင်းနဲ့အတူ ၂၀၀၂ကမ္ဘာ့ဖလားရထားဖူးသလို ရီးယဲလ်မက်ဒရစ် အသင်းနဲ့လည်း လာလီဂါ၊ ချန်ပီယံလိဂ်အစရှိတဲ့ ဆုဖလားပေါင်းများစွာ ရရှိထားဖူးသူပါ။

ဆူဇူကီးအုပ်စု(က)ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဗီယက်နမ်-မလေးရှားပွဲစဉ်ဟာ အိမ်ရှင် ဗီယက်နမ်အသင်းအတွက် ဒုတိယမြောက်အုပ်စုပွဲစဉ်ဖြစ်ပြီး မလေးရှားအသင်းအတွက် တတိယမြောက်ပွဲပါ။

ဗီယက်နမ်အသင်းက အုပ်စုအဖွင့်ပွဲမှာ လာအိုကို ၃-ဝဂိုးနဲ့အနိုင်ရထားသလို မလေးရှားအသင်းကလည်း အုပ်စုအဖွင့်ပွဲနှစ်ပွဲမှာ ကမ္ဘောဒီးယားကို ၁-ဝဂိုး၊ လာအိုကို ၃-၁ဂိုးတွေနဲ့အနိုင်ရထားပါတယ်။ ဗီယက်နမ်-မလေးရှားပွဲကိုတော့ ဒီညနေ မြန်မာစံတော်ချိန် ည၇နာရီမှာ ဗီယက်နမ်နိုင်ငံ၊ မိုင်ဒင်းကွင်းမှာကစားမှာဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က