နေမာက အမ်မရီလက်အောက်မှာ အတူလက်တွဲကစားခဲ့ရတာ ပျော်ရွှင်ခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။

အူနိုင်းအမ်မရီက အာဆင်နယ်ကို အောင်မြင်မှုရအောင်စွမ်းဆောင်ပေးနိုင်မယ့်နည်းပြလို့ နေမာက ချီးကျုးခဲ့တာကြောင့် အာဆင်နယ်ကို နေမာရောက်အောင် အမ်မရီစွမ်းဆောင်ပေးနိုင်လိမ့်မယ်လို့ အာဆင်နယ်ပရိသတ်တွေ မျှော်လင့်နေကြပါတယ်။



gettyimages-958024722.jpg

Photo: Fox Sports

 

ပီအက်စ်ဂျီအသင်းရဲ့ဘရာဇီးတိုက်စစ်မှူး နေမာက အူနိုင်းအမ်မရီဟာ အာဆင်နယ်ကိုအောင်မြင်မှုရအောင် စွမ်းဆောင်ပေးနိုင်မယ့်နည်းပြဖြစ်တယ်လို့ ချီးကျုးပြောကြားခဲ့ပါတယ်။ နေမာရဲ့ချီးကျုးစကားကြောင့် အမ်မရီအနေနဲ့ နေမာကို အာဆင်နယ်ပြောင်းလာအောင်စွမ်းဆောင်ပေးနိုင်လိမ့်မယ်လို့ အင်္ဂလန်မီဒီယာတွေက ခန့်မှန်းရေးသားဖော်ပြနေကြပါတယ်။ အမ်မရီဟာ အင်္ဂလန်ပရီးမီးယားလိဂ်ကို ဒီနှစ်မှပြောင်းရွှေ့လာတာဖြစ်ပေမယ့် အသင်းကိုတည်ငြိမ်အောင်ပဲ့ကိုင်ထားနိုင်ပြီး လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၅နေရာမှာ ရပ်တည်နေပါတယ်။

Photo: Fox Sports

ဗီယက်နမ်နဲ့မလေးရှားတို့ကန်မယ့် ဆူဇူကီးပွဲကို ကားလို့စ်လာမယ် 

နေမာဟာ အူနိုင်းအမ်မရီ ပီအက်စ်ဂျီအသင်းကို ကိုင်တွယ်စဉ်က အမ်မရီလက်အောက်မှာတစ်နှစ်အတူလက်တွဲ ကစားခဲ့ဖူးပါတယ်။ “အာဆင်နယ်ကတကယ့်ကိုကောင်းမွန်တဲ့ဘောလုံးကစားနည်းနဲ့ကစားနေတာပါ။ ပြီးခဲ့တဲ့ ပွဲတွေကိုကြည့်မယ်ဆိုရင်သူတို့ဘယ်လောက်ကောင်းလဲဆိုတာလူတိုင်းသိပါတယ်။ သူတို့မှာ အကောင်းဆုံးနည်းပြတစ်ယောက်လည်းရှိတယ်လေ”လို့ နေမာက ဘရာဇီးနဲ့ဥရုဂွေးပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ ဒါ့အပြင် နေမာက အမ်မရီလက်အောက်မှာ အတူလက်တွဲကစားခဲ့ရတာ ပျော်ရွှင်ခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။

Photo: Fox Sports

 

နေမာဟာ လက်ရှိအချိန်မှာ ပီအက်စ်ဂျီအသင်းကနေထွက်ခွာချင်နေတယ်လို့ သတင်းတွေထွက်နေပြီး အသင်းဟောင်း ဘာစီလိုနာကိုပြောင်းရွှေ့ဖွယ်ရှိတယ်လို့လည်း ကောလဟာလတွေ ပျံ့နှံ့နေပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ နေမာကို ခေါ်ယူလိုတယ်ဆိုရင်တော့ ပြောင်းရွှေ့ကြေး ပေါင်သန်းရာနဲ့ချီအသုံးပြု ရနိုင်တာမို့ဖြစ်နိုင်ချေနည်းတယ်ဆိုပေမယ့် အမ်မရီနဲ့နေမာရဲ့ဆက်ဆံရေးကြောင့် အာဆင်နယ်ပရိသတ်တွေကတော့ နေမာကို အာဆင်နယ်မှာမြင်ရဖို့ စိတ်ကူးယဉ်နေကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က