ပေါင် သန်း ၇၀ နဲ့ ကမ်းလှမ်းမယ်လို့ သတင်းတွေ ထွက်လာပါပြီ။

နိုဝင်ဘာာလ ၁၇ ရက်(စနေ)နေ့ရဲ့ မနက်ခင်း အားကစားသတင်းတိုတွေကို စုစည်းဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။



Photo - Ronaldo.com

 

- နည်းပြသစ် ဆိုလာရီလက်ထက် အသင်းနဲ့ ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ စပိန်ကွင်းလယ်လူ အစ္စကိုကို မန်စီးတီးအသင်းက ပစ်မှတ်ထား စောင့် ကြည့်နေပါတယ်။

Photo - HITC

 

- လီဗာပူးအသင်းရဲ့ ညာနောက်ခံလူ နက်သီရယ်ကလိုင်းကတော့ အသင်းကနေ ထွက်ခွာတော့မယ့်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။အသက် ၂၇ နှစ်အရွယ် ကလိုင်းအနေနဲ့ ဒီရာသီအသင်းနဲ့ တစ်ပွဲသာ ကစားထားနိုင်သူလည်း ဖြစ်ပါတယ်။

Photo - Barca Blaugranes

 

- ဂျော်ဒီအယ်လ်ဘာရော အသင်းက အဲလက်ဆန်ဒရိုရော အသင်းကိုယ်စီမှာ ဆက်နေဖို့ မသေချာတော့ပါဘူး။ ဒါကြောင့် ဂျူဗင်တပ်အသင်းက ဆန်ဒရိုနေရာမှာ အစားထိုးဖို့ ဘာစီလိုနာက ထွက်ချင်နေတဲ့ အယ်လ်ဘာကို ပစ်မှတ်ထားနေရပါတယ်။

Photo - The Irish Sun

 

- အာဆင်နယ်အသင်းကတော့ ထုံးစံအတိုင်းပဲ လူငယ်တွေကို လိုက်လံ ရှာဖွေနေခဲ့တာ ဖြစ်ပြီး ဒီတစ်ကြိမ်မှာလည်း အသက် ၁၈ နှစ်အရွယ် ပိုလန် လက်ရွေးစင် နောက်ခံလူ ဆီဘတ်စတီယန် ဝါလူကီယာဝစ်ဇ်ကို ဘာစိလိုနာအသင်းနဲ့အပြိုင် ခေါ်ယူနိုင်ရေး ကြိုးပမ်းနေပြန်ပါတယ်။

Photo - Bavarian Football Works

 

- ဒေါ့မွန်က အမေရိကန် ကစားသမား ပူလီဆစ်ကို အင်္ဂလန်ကလပ် ချဲလ်ဆီးအသင်းက ပေါင် သန်း ၇၀ ဝန်းကျင်ပေးပြီး ခေါ်နိုင်ရေး ကြိုးပမ်းနေ ပြီလို့ သိရပါတယ်။ အသက် ၂၀ အရွယ် ပူလီဆစ်အတွက် ပေးတဲ့ ပမာဏက အင်မတန် များပြားနေတဲ့အပေါ် ဒေ့ါမွန်အသင်းက ဆက်ထိန်းမှာ လား ရောင်းထုတ်မှာလား စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က