ခရိုအေးရှားနဲ့ အင်္ဂလန် နိုင်တဲ့အသင်းက play - off အဆင့်ကို တက်လှမ်းနိုင်မှာပါ။

နှစ်သင်းစလုံးထဲက အနိုင်ရတဲ့အသင်း ယူရို ၂၀၂၀၀င်ခွင့် play - off အဆင့်ကို ကစားခွင့်ရမှာ ဖြစ်ပေမယ့်လည်း သရေကျခဲ့ပါက ထိပ်ဆုံးက ရပ်တည်နေတဲ့ စပိန်အသင်းက တက်လှမ်းသွားမှာပါ။



Photo - WeForNews

 

ခရိုအေးရှားအသင်းကတော့ စပိန်အသင်းကို ၃-၂ ဂိုးနဲ့ အနိုင်ယူပြီး ၂၀၂၀ ဥရောပဖလားပြိုင်ပွဲ play - off အဆင့်ကို တိုက်ရိုက် ကစားခွင့် ရဖို့ ကြိုးပမ်းနေပါတယ်။

ကမ္ဘာ့ချန်ပီယံ ပြင်သစ်ရဲ့ စံချိန်ကေင်းတစ်ရပ်ကို ရိုက်ချိုးလိုက်တဲ့ နယ်သာလန် 

ဒီအခြေအနေမှာတော့ ခရိုအေးရှားအသင်းအနေနဲ့ နောက်ဆုံးအဆင့် ဖြတ်ကျော်မှု အဖြစ် အင်္ဂလန်အသင်းကို ရင်ဆိုင်ကစားရပါဦးမယ်။ ခရို အေးရှားအသင်းနဲ့ အင်္ဂလန်အသင်းတို့အနေနဲ့ နေးရှင်းလိဂ် ပထမအကျော့အဖြစ် ကစားခဲ့တုန်းက ခရိအေးရှားမြေမှာ ဂိုးမရှိ သရေကျခဲ့ပါတယ်။

Photo - Kashmir Observer

 

အခုတစ်ဖန် အင်္ဂလန်မြေမှာတော့ လာမယ့် နိုဝင်ဘာလ ၁၈ ရက်နေ့ (မနက်ဖြန်)မှာတွေ့ဆုံနေပြီး အနိုင်ရတဲ့ အသင်းတော့ Play -off ဆီမီးဖိုင် နယ်အဆင့်ကို တက်လှမ်းနိုင်မှာပါ။

ခရိုအေးရှားအသင်းအတွက် လက်ရှိ အဓိက ပြဿနာက အင်္ဂလန်နဲ့ အရေးပါတဲ့ပွဲမှာ အားထားရတဲ့ ဘာစီလိုနာ ကွင်းလယ်ကစားသမား ရာကီ တစ် ပါဝင်ဖို့ ၁၀၀ ရာခိုင်နှုန်း မသေချာ ဖြစ်နေတာပါ။

Photo - Barca Blaugranes

 

လက်ရှိ ထွက်ပေါ်နေတဲ့သတင်းတွေအရ ရာကီတစ်အနေနဲ့ ဒဏ်ရာ အကင်းမပျောက်လို့ မိခင်ကလပ် ဘာစီလိုနာအသင်းကို ပြန်သွားပြီလို့ ကြား သိနေရပြီး ဒီအပေါ်မှာတော့ - " ကျွန်တော်တို့ ဖြေရှင်းနိုင်စွမ်းရှိပါတယ်။ ဝင်ဘလေကွင်းကို ပျော်ပျော်ရွှင်ရွှင် ဘောလုံးကစားဖို့ ကျွန်တော်တို့ လာမှာပါ။" လို့ ခရိုအေးရှားနည်းပြ ဒါလစ်က ဆိုလိုက်ပါတယ်။

ရာကီတစ်ကတော့ ခရိုအေးရှား အသင်းအတွက် စုစုပေါင်း ၁၀၁ ပွဲ ပါဝင်ကစားပေးထားပြီး ၁၅ ဂိုးသွင်း တိတိ သွင်းယူပေးထားနိုင်တဲ့ ကွင်းလယ် ကစားသမားတစ်ဦးဖြစ်ပါတယ်။

အင်္ဂလန်အသင်းက လက်ရှိ နေးရှင်းလိဂ်မှာ ၃ ပွဲကစားပြီး ၄ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေသလို ခရိုအေးရှားအသင်းကလည်း ၃ ပွဲကစား ၄ မှတ်နဲ့ ဂိုးကွာခြားချက်အရ တတိယနေရာမှာ ရပ်တည်နေပါတယ်။

ထိပ်ဆုံးက စပိန်ကတော့ ၄ ပွဲကစား ၆ မှတ်နဲ့ ပွဲကုန်သွားပြီ ဖြစ်တာကြောင့် အခုလာမယ့် ခရိုအေးရှားနဲ့ အင်္ဂလန်ပွဲမှာ အနိုင်ရတဲ့အသင်းက play - off လေးသင်းအဆင့်ကို တက်ရောက်သွားမှာ ဖြစ်ပြီး သရေကျခဲ့မယ်ဆိုရင်တော့ စပိန်အသင်းက တက်ရောက်သွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က