ပွဲပေါင်း ၉၅ ပွဲကစားပေးနိုင်ပြီဖြစ်ပြီး ရော်နယ်ဒင်ဟို၊ရော်နယ်ဒိုတို့ကို ကျော်ဖြတ်နိုင်ဖို့ ၄ ပွဲသာ ဆက်ကစားဖို့ လိုပါတော့တယ်။

နေမာက စုစုပေါင်း ၉၅ ပွဲအထိ ပါဝင်ကစားပေးထားနိုင်ပြီ ဖြစ်ပြီး ဘရာဇီး သမိုင်းမှာ ပွဲအများဆုံး ကစားထားသူကတော့ ကာဖူးဖြစ်ပြီး ၁၄၂ ပွဲ ပါဝင်ကစားထားပါတယ်။



Photo - zimbio.com

 

ဘရာဇီးနဲ့ ဥရုဂွေးအသင်းတို့ မနေ့ညက လန်ဒန်ကလပ် အာဆင်နယ်အသင်းရဲ့ အိမ်ကွင်း အီးမရိတ်ကွင်းကြီးထဲမှာ နိုင်ငံတကာ ခြေစမ်းပွဲ အဖြစ် ကစားခဲ့ရာမှာ ဘရာဇီးက ၁ - ၀ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။

ကမ္ဘာ့ချန်ပီယံ ပြင်သစ်ရဲ့ စံချိန်ကေင်းတစ်ရပ်ကို ရိုက်ချိုးလိုက်တဲ့ နယ်သာလန် 

ဘရာဇီးအတွက် တစ်လုံးတည်းသော သွင်းဂိုးကိုတော့ ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာက ပင်နယ်တီကတဆင့် သွင်းယူပေးခဲ့ပြီး ဘရာဇီးကို အနိုင် ရရှိစေခဲ့ပါတယ်။

Photo - The Independent

 

အခုလို အနိုင်ဂိုးသွင်းပေးခဲ့တဲ့ နေမာအနေနဲ့ ဘရာဇီးအသင်းနဲ့အတူ မှတ်တမ်းကောင်းတစ်ရပ်ကိုစတင်ရေးထိုးစ ပြုနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ အကြောင်းကတော့ ဒီခြေစမ်းပွဲအပါအဝင် နေမာဟာ ဘရာဇီးအသင်းအတွက် နိုင်ငံတကာပွဲပေါင်း ၉၅ ပွဲအထိ ပါဝင် ကစားပေးထားနိုင်ပြီလည်း ဖြစ်ပါတယ်။

ဒါကြောင့်လည်း ဘရာဇီးသမိုင်းမှာ အသင်းအတွက် ပွဲအများဆုံး ကစားပေးထားတဲ့ ကစားသမား ၁၀ ဦးစာရင်းထဲကို ဝင်ရောက်လာခဲ့ပါပြီ။ တစ်ချိန်က ဘရာဇီးအသင်းအတွက် ပွဲပေါင်း ၉၄ ပွဲကစားပေးထားနိုင်ခဲ့တဲ့ ဂိုးသမားကြီး ဂေလ်မာကို ကျော်ဖြတ်ပြီး အခုစာရင်းထဲကို ဝင်လာတာ လည်း ဖြစ်ပါတယ်။

Photo - USA Today FTW

 

နေမာအနေနဲ့ လက်ရှိ အသက် ၂၆ နှစ်သာရှိသေးလို့ ဘရာဇီးအတွက် ပွဲအများဆုံးကစားပေးနိုင်မယ့် ကစားသမား တစ်ယောက် ဖြစ်ခွင့်ကလည်း လက်တစ်ကမ်းမှာ စောင့်ကြိုနေပါတယ်။

ပွဲအများဆုံး အဆင့် ၉ မှာ ရပ်တည်နေတဲ့ ကစားသမားကတော့ ဘာစီလိုနာ ကစားသမားဟောင်း ရော်နယ်ဒင်ဟိုဖြစ်ပြီး ၉၇ ပွဲ ပါဝင်ကစားထား ပါတယ်။ ရီးရဲမက်ဒရစ် ကစားသမားဟောင်း ရော်နယ်ဒိုနဲ့ ဒီဂျယ်မာ ဆန်းတို့စ်တို့ကတော့ ၉၈ ပွဲစီ ကစားထားပါတယ်။

မန်စီးတီးမှာကစားခဲ့ဖူးတဲ့ ရော်ဘင်ဟိုကတော့ ပွဲပေါင်း ၁၀၀ ကစားပြီး ပွဲအများဆုံး ကစားထားတဲ့ ၆ ယောက်မြောက်ကစားသမားနေရာမှာ ရှိ နေသလို ၅ ယောက်မြောက်နေရာမှာတော့ ကလောက်ဒီယိုက ပွဲပေါင်း ၁၀၅ ပွဲနဲ့ ရပ်တည်နေပါတယ်။

နေမာအတွက် ပွဲအများဆုံးကစားထားတဲ့စံချိန်ကို တင်ရှိနိုင်ဖို့ဆိုရင်တော့ အနားယူသွားနှင့်ပြီ ဖြစ်တဲ့ ဘရာဇီး အသင်းခေါင်းဆောင်ဟောင်း ကာဖူးရဲ့ စံချိန်ကို ချိုးဖျက်နိုင်မှ ဖြစ်ပါလိမ့်မယ်။

ကာဖူးကတော့ ပွဲပေါင်း ၁၄၂ ပွဲ ပါဝင်ကစားထားပြီး ဒီကနေ့ အချိန်ထိ ဘရာဇီးသမိုင်းမှာ ပွဲအများဆုံး ပါဝင်ကစားထားသူ အဖြစ် ထိပ်ဆုံးက ဦး ဆောင်နေတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က